Feelings about novel

Start from the beginning
                                    

ဒါကြောင့်လည်း Part Two 9 မှာ ကိုမားကိုရဲ့ အချစ်တွေက သူ့အတွက် အလဟဿဖြစ်လာတယ် အဝတ်မပါတဲ့ အသားအရည်လိုပဲ သူခံစားနေရတယ်လို့ ပြောထားတာပါ။

ကိုမားကို ကို ရှီမမူရာ ရူးရူးမူးမူးချစ်မိနေမှန်း ဘယ်ချိန်မှသေချာသိလဲဆိုရင် Part Two 11 မှာပါ။တိုကျိုခေါ်သွားပေးဖို့ တောင်းဆိုလာတဲ့ရိုးကိုနဲ့ စကားပြောနေချိန်မှ သူ့စိတ်က ရှင်းရှင်းလင်းလင်းသိလာတာ‌ပါ။

ပေါင်းဖက်လို့မရတဲ့ အချစ်စစ်ကိုသိလာတဲ့ချိန်ကျ သူလည်း ကိုမားကိုလိုပဲ depressions စဝင်လာတယ်။

Part Two 13 ကတော့ သူတို့နှစ်ယောက်ရဲ့ ကြေကွဲစရာ depressions တွေ ပေါက်ထွက်လာတဲ့အပိုင်းပေါ့။အဲ့ဒီအပိုင်းက သေချာဖတ်မှ ခံစားနိုင်တာပါ။ရှီမမူရာပြောတဲ့

"မင်းက မိန်းမကောင်းလေးပဲ" (You're a good girl) ဆိုတာကနေ

"မင်းက အမျိုးသမီးကောင်းလေးပဲ" (You're a good woman)

ဆိုပြီး သူ့မသိစိတ်ကနေ ပြောင်းပြောမိသွားတဲ့နေရာက သူတို့နှစ်ယောက် အတူတူထပ်ပြီးတွေ့လို့မရ ပေါင်းဖက်လို့မရဘူးဆိုတာ ပြောထားတဲ့နေရာမို့ လုံးဝအသက်ပါပဲ။(Eng-translation Author လည်းအဲ့လိုပြောင်းသွားတဲ့နေရာလေးကို သုံးသပ်ပြောထားပါတယ်)

ဒါကြောင့် ကိုမားကိုအနား မရှိသင့်တော့ဘူးလို့ထင်တဲ့ ရှီမမူရာက ချီဂျိမိပိတ်ချောလုပ်ငန်းကို အာရုံလွှဲပြီး ရေပူစမ်းရွာကနေ ထွက်သွားဖို့လုပ်ခဲ့တာပါ။

ဇာတ်လမ်းအဆုံး ပိုးအိမ်ဂိုဒေါင် မီးလောင်တဲ့အချိန် ကိုယ်ကလေ ကိုမားကိုသေတော့မယ်လို့သေချာပေါက်ထင်ခဲ့တာ။ဘာလို့ဆို Part Two 17 မှာ "ကျွန်မရှင့်ကို မစောင့်စေချင်ဘူး"ဆိုပြီး လုံးဝထွက်သွားတော့မဲ့ ပုံစံလိုပဲ ပြောနေတာခဲ့တာကိုး။

နောက်ဆုံးအပိုင်း မီးလောင်တဲ့ ဂိုဒေါင်မှာလည်း ကိုမားကိုက ရှီမမူရာနဲ့ လူချင်းကွဲပြီး ပြန်လာတွေ့ချိန်ကြ ဆံပင်တွေကျွတ်လုမတတ် ပူနေပြီး လည်ပင်းညွတ်ကျတော့မလိုတွေ ရေးထားတာ ဖတ်ရတော့ မီးထဲသေသွားပြီး ဝိဉာဉ်ဘဝနဲ့ ရှီမမူရာက မြင်ယောင်နေတာလားလို့တောင်ထင်လိုက်သေးတယ်😁

နှင်းတိုင်းပြည်{နှင်းတိုင်းပြည်}(Snow Country)Where stories live. Discover now