𝐀𝐧𝐜𝐞𝐬𝐭𝐫𝐲

343 29 3
                                    

" jeno !ဒီနေ့မင်းကျောင်းကိုမသွားတော့ဘူးလား?"

" မသွားချင်ဘူး ဒီနေ့ "

" မင်း စာမတတ်ရင် ငါတို့ ကုမ္ပဏီမှာ မထားဘူးနော်
ဟေ့ကောင် "

" ဘယ်သူမှလည်း အဲ့ကို မလာချင်ပါဘူး တစ်နေ့တစ်နေ့ အဲ့လောက် စိတ်ညစ်ဖို့ ကောင်းတာ "

" ဘာ??? Lee Jeno မင်းတော့ သေတော့မယ် ငါ့ကို ပြန်ခံပြောနေတယ် "

" ... "

" ဒါဘယ်လဲ "

" အပြင်မှာ လေကောင်းလေသန့်ထွက်ရှူမလို့ "

" မင်း အပြင်ထွက်လို့ မရဘူးနော် "

" သိပါတယ် "

" မင်းတို့က လိုက်သွား! "

" ဟုတ်ကဲ့ "

" မလိုဘူး ဘယ်သူမှ မလိုက်နဲ့ လေကောင်းလေသန့်ရှူတာ တော့ ကိုယ့်ကို နေပြီး ရှူပါ့မယ် အဖေ့ လူတွေရဲ့အငွေ့အသက်ကို စိတ်ကုန်နေပြီ "

"မရဘူး မင်းက မူမှန်တာ မဟုတ်ဘူး အဲ့တော့ တစ်ယောက်ကို ထည့်ကို ထည့်ပေးရမှာ"

"... အဲ့လောက်တောင် ဒီက သားကို ချစ်နေရင်
စိတ်ပူနေရင် လှောင်အိမ်ထဲဘဲ ထည့်ပြီး မွေးထားလိုက်တော့ "

"ပြန်မပြောနဲ့ မင်းအတွက် ကောင်းတာတွေ
စီစဉ်ပေးနေတာကို "

" ဟွန့် ဘာကောင်းတာလဲ? အဖေ ကျေးဇူးပြုပြီး ဒီလောက်ဘဲ ထိန်းချုပ်ပေးပါတော့ "

" မိဘက ကောင်းတာ စီစဉ်တာမလို့ မင်းဘာမှ လုပ်ဖို့ မကြိုးစားပါနဲ့ Lee Jeno နောက်နှစ်ရက်ကျရင် မင်းကို ငါ Canada ထည့်လိုက်မှာ မလို့ မင်း အသင့်ပြင်ထားပါ "

ကျွန်တော့်စိတ်ကို အမှောင် နဲ့ ဖုံးထားတဲ့ အဖေ။
တကယ်သူ့ကို နာကျည်းပြီး ရွံမိတယ်။

:: အဖေက အရင်ကအဲ့လို မဟုတ်ခဲ့ဘူး။အမေမရှိတဲ့ အချိန်ကစပြီး ပြောင်းလဲခဲ့တယ်။ ပြီးတော့ ကျွန် တော့ကို ဆက်ဆံတဲ့ပုံတွေ ပြောင်းလဲလာတယ်။ အရင်ကတော့ မေမေကလွဲပြီး တခြားမိန်းမတွေကို စိတ်မဝင်စားတဲ့ အဖေက အခုတော့ နောက်မိန်းမနဲ့ ::

:: မိထွေးဆိုတဲ့ အန်တီကြီးကိုလည်း မုန်းတယ်။ သူနဲ့ အတူလိုက်ပါလာတဲ့ အကိုတွေဆိုတဲ့ ကောင်တွေကိုလည်း မုန်းတယ်။ အမေ့နေရာမှာ ဘယ်သူမှ အစားထိုးမရသလို အကို့နေရာမှာလည်း ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ::

Miserable  :: NoMin ::Where stories live. Discover now