အပိုင်း(၁၄)

Start from the beginning
                                    

"အေးပါကွယ် တီတီ ရိုတ်လိုက်မယ်...သား..သားကောင်းကိုဘယ်လိုပြောလိုက်တာလဲ သားနော်"

" ဟား...အန်ကယ်တို့မိသားစု ကအဲလိုပဲ မောင်သက်ကို...ပျော်စရာကောင်းရဲ့လား ...သားသားတို့ကအဲလိုပဲ နဲနဲတော့ဆိုးတယ်ကွာ..ရောက်တုန်းမပြင်းရတာတော့ကျိန်းသေတယ်။ ဒါနဲ့ သားကောင်း အိမ်ကိုတစ်ယောက်တည်း မပြန်ရဘူးနော်၊ ဒီနေ့ ဦးဦး လိုက်ပို့မယ်နော် သားအဖေတို့အတွက် လက်ဆောင်ပါလာသေးလို့ "

"အွင်း..အွင်း..ကျေးဇူးပါဦးဦး..သားဖို့ရော်နော် ဟီး"
" ဟား..သားကောင်းအတွက် ဘယ်ချန်ထားလို့ရမလဲ ..တကယ့်ကလေးလေး"
"သား လွဲနေပြီလားလို့ ပါး...ပါးသားက ဒီမှာ"

သူ့ရင်ဘတ်ကိုပုတ်ပြီး သူ့အပါးကိုမကျေနပ်စွာပြောနေတဲ့ ကောင်လေး။ စူပုတ်ပုတ်လေးက အချိုးမပြောင်း ၊ ကျွန်တော်လာလည်လို့ထင်တယ် မျက်နှာက အပြုံးကို မစွန့်ကျဲတော့တာ။ ကောင်လေးတို့မိသားစုနဲ့ ကောင်းပြည့်လေးတို့မိသားစု တွေက တော်တော်ရင်းနှီးမယ်ထင်တယ်။ နယ်မြို့သားလေး အေးချမ်းလိုက်တာ၊ ကောင်လေးတို့မိသားစုက ကောင်းပြည့်လေးကိုချစ်နေတာတွေ၊ စူပုတ်ကောင်လေးက မကျေမနပ် ပြန်ပြောတာတွေ ကြည်နူးစရာအတိ။ ကိုယ် ကောင်လေးတို့မိသားစုဝင်ဖြစ်ရဖို့ ဆုံးဖြတ်ချက်ချပြီးသွာပြီ ကောင်လေး။ မင်းလေး မကြည်ဖြူလည်း အစ်ကို မင်းရင်ခွင်ထဲ ရောက်အောင်လာခဲ့မှာ။ ကျွန်တော်လေ နယ်မြို့သား စူပုတ်လေးကို ချစ်လိုက်ရတာဗျာ။

"ဘယ်လိုလဲ ကိုလင်း ဟိုကလေးအခြေအနေ ပြောပါအုံး"

(သူတို့မိသားစု ရိုးသားကြတယ်။ လယ် တွေအငှါးချပြီး လုပ်တယ် ၊ သူ့အမေ ကျန်းမာရေးနဲနဲချူချာတယ်ပြောရမလား ကိုရဲ ၊ သူအဖေက လူမှန်ကြီး တထစ်ချပေါ့ ။ သူတို့ နယ်မှာ အေးဆေး ပျော်နေတာပါ ၊ သူ့သူငယ်ချင်းလေးနဲ့ အလည်အပတ်ထွက်တာကလွဲ ထူးခြားတာမရှိဘူးကိုရဲ ။သူ့မိသားစုအကြောင်းကိုတော့ စုံစမ်းဆဲပဲကိုရဲ...အရေးကြီးတာက ခုကျွန်တော်ပြန်လာနေပြီ...နယ်မြို့မှာကိုရဲ သူငယ်ချင်း ကျော်သက်ကို ရောက်နေတယ် အလည်လို့ သိရတယ် )

ချစ်ခြင်းတို့အလွန် Where stories live. Discover now