အပိုင်း (၁၃)

Start from the beginning
                                    

" မေမေသားက ကတိပေးပါ ၊မေမေမသိဘဲရည်စားမထားရဘူး၊ လိင်ကိစ္စ မကျူးလွန်ပါဘူးလို့"
"ဟာဗျာ..မေမေက အထင်ကြီးလွန်းနေပြီရော်..သားကို"

" အေးပါ မေမေစိတ်ချမယ်နော် ၊လူချမ်းသာ သားသမီးတွေကို ရှောင်ရရင် ရှောင်ပါ့သားရယ် သားမမ ခံစားရတာ သားသားအသိပဲလေ မေမေ ဘာမှမမက်မောပါဘူး ၊မေမေတို့မိသားစု အပူမီးမရှိဘဲ အေးအေးချမ်းချမ်းနေရကျေနပ်ပါပြီ၊ ဆင်းရဲတဲ့ သူဖြစ်နေပါစေ အကျင့်စာရိတ္တကောင်းဖို့ကအဓိကပဲ သား မေမေက ဆီးကြိုပြီး ဆင်ပေးမိမှာ"
"ဗျာ..မေမေ"

ကျွန်မစိုးရိမ်တယ် ဖိုးသားလေးက မိန်းမလေးမဟုတ်ဘဲ ထူးခြားစွာမွေးဖွားတဲ့သားမို့ စိတ်ပူတယ်။  မိန်းကလေး မျက်နှာအကျ မျက်ခုံး၊ မျက်လုံး သိပ်လှတဲ့ ဖိုးသားလေးကို လူကြိုက်များတာသတိထားမိတယ်။ အထက်ကျောင်းမှာတုန်းက အသိဆရာမကိုယ်တိုင် သားသားလေးကို စိတ်ဝင်စားနေသူရှိလို့ အသွားအလာ ဂရုစိုက်ပေးဖို့ ၊ သားတို့ဆရာမက မိန်းမသားချင်း တိုးတိတ်စွာ သတိပေးခံရတယ်။ သားရဲ့ထူးခြားချက်ကို ဂုဏ်ယူစွာ ပြုစုခဲ့ရတယ် ၊ သိပ်ပြီး မျိုးရိုးဂုဏ်ထိမ်းတဲ့ သားအဖေက သူအရှက်ရမှာ သိပ်ကြောက်သတဲ့။

လူအများကြား သားသားဖြစ်တည်မူက ရူံ့ချစရာ ၊ အရှက်ရစရာ ဖြစ်မှာစိုးလို့ ငယ်ငယ်ကတည်း အဖေကို ချစ်ကြောက်ရိုသေ ၊ အလိုက်လိုက်သင့်တာ လိုက်၊ တားမြစ်သင့်တာ ပိတ်ပင်တားဆီးလို့ အုပ်ချုပ်ပြီး မွေးဖွားခဲ့ရတယ်။ သားအဖေက မျိုးရိုးကြီးက ဆင်းသက်လာသူပီပီ "သားဖြစ်သူကြောင့် အရှက်ရရင် ငါကိုယ်ငါ တခုခု လုပ်ပြစ်မယ် "ဆိုတဲ့မပြောသင့်မပြောအပ်တာမျိုးကို ပြောသည်အထိ မျိုးရိုးမာန်ကြီးခဲ့တယ်။

သိပ်လှတဲ့သားမို့ မေမေ ရတက်မအေးဘူး သားရယ်။သားအဖတွေ ကတောက်ကစ ဖြစ်မှာ ၊ မေမေတို့မိသားစုလေး ပြိုကွဲရင် မေမေ ရင်ကွဲရလိမ့်မယ်သားရယ်။ လွတ်ချင်တဲ့အရွယ် ၊ အပျံသင်စ အရွယ်မှာ မေမေတို့စိတ်ချလက်ချ မလွတ်ပေးမိရင် မေမေတို့ကိုနားလည်ပေးပါ သားသား။ သားက သူများတွေလို အမှားမခံနိုင်ဘဲ ၊ မှားယွင်းစွာ အမျိုးသမီးသားဥအိမ် ပါလာတဲ့ ကလေးမို့ မေမေ စိတ်မအေးနိုင်ဘူး။

ချစ်ခြင်းတို့အလွန် Where stories live. Discover now