"လက်ရာက ကောင်းပြီးရင်း ကောင်းလာပြီ။ နောက်ဆို ငါတောင် ဆိုင်သွားပြီး ဝယ်စရာ မလိုတော့ဘူး။ မင်း ရှိနေရင် လုံလောက်ပြီ"

ယဲ့ထင်က ထိုအခါမှ ပြုံးလာတော့သည်။

ရန်ကျားလိ သောက်လို့ကုန်သွားသောအခါ သူ့လက်မဖြင့် ရန်ကျားလိ နှုတ်ခမ်းထောင့်ကို သုတ်ပေးလိုက်ကာ ဆက်ပြောလာသည်။

"သတင်းကောင်းတစ်ခု မင်းကို ပြောပြစရာရှိတယ်"

"ဘာ သတင်းကောင်းလဲ"

ယဲ့ထင်က အသက်ပြင်းပြင်း ရှူလိုက်ကာ

"ရှောက်ယယ်မှာ သတိပြန်ရလာမယ့် လက္ခဏာ ရှိနေပြီတဲ့"

ရန်ကျားလိက တစ်ချက် ကြောင်အမ်းသွားပြီးနောက် မျက်ခုံးပင့်သွားကာ

"သူက ကုတင်ပေါ်မှာ နှစ်ဝက်ကျော်တောင် လှဲနေခဲ့တာ မဟုတ်လား"

ယဲ့ထင်က ခေါင်းညိတ်ပြီး

"အရင်ကတော့ ဆရာဝန်တွေလည်း အာမမခံနိုင်ဘူးလေ။ ကျောက်ရှန့်ဟိုင်ကသာ အစအဆုံး ဇွဲနပဲ ကြီးနေတာ။ အခုတလော အချိန်အတွင်းမှာ ဆရာဝန်က စောင့်ကြည့် လေ့လာလိုက်တော့ ရှောက်ယယ်မှာ သတိရလာမယ့် အရိပ်အယောင် တွေ့တယ်၊ မကြာခင်မှာပဲ တကယ် မျက်လုံးဖွင့်လာနိုင်တော့မယ်တဲ့"

ရန်ကျားလိက နှုတ်ခမ်းထော်နေပြီး ဘာကို စဥ်းစားမိသည် မသိ၊ အံကြိတ်ကာ မုန်းမုန်းတီးတီး ဆိုသည်။

"သူ (သတိရလာဖို့ သူကိုယ်တိုင်) ပိုပြီး ကြိုးစားသင့်တယ်။ ဟိုင်ကောက သူ့အတွက်နဲ့ နှစ်ဝက်တောင် အလုပ်ရှုပ်ကုန်ပြီး ဘယ်လိုတွေ ဖြစ်သွားခဲ့လဲ၊ ကြည့်နေရတဲ့ငါတောင် စိတ်မကောင်းဘူး။ သူသာ ဆက်အိပ်နေဦးမယ်ဆိုရင် ငါ Suona ယူပြီး သူ့နားမှာ နေ့တိုင်းနေ့တိုင်း သွားမှုတ်နေတော့မယ်။ ရေခဲရေနဲ့လည်း သူ့ခေါင်းပေါ်က လောင်းချမယ်။ သူ့သမီးကိုလည်း အဖေအသစ် ရှာပေးမယ်။ ဟိုင်ကောကိုလည်း လောင်ကုန်းအသစ် ရှာပေးလိုက်ဦးမယ်။ အဲ့လိုဆို သူ မနိုးဘဲ နေနိုင်ဦးမလား ကြည့်....."

(TN/ Suona= တရုတ်လေမှုတ် တူရိယာ၊ အသုဘတို့ အခမ်းအနားအချို့မှာ တီးမှုတ်ကြတယ်)

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now