(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်

Start from the beginning
                                    

"ကျွန်မက အဆင်ပြေတယ်နော်။ လုပ်လေ ဘောင်းဘီချွတ်လိုက်။ "
ပိုင်ရှန်းရှို့ကတော့ စိတ်အားထက်ထက်သန်သန်ပဲ။ သူမစကားရဲ့အကျိုးဆက်ကို သိပ်တွေးမနေဘူး။ လုံဟန့်ကတော့ရှော့ခ်တွေပါရတယ်။ သူမကတော့ မျက်ခုံးကိုပင့်ပြီးတောင် လုစစ်သူကြီးကို ဘောင်းဘီချွတ်ခိုင်းလိုက်သေး။

လုစစ်သူကြီးလည်း စိတ်ငြိမ်မနေနိုင်တော့ဘူး။ လုံဟန့်က ပိုင်ရှန်းရှို့ကို တအားချစ်တာလို့ လင်ချန်းဇီဆီက သူကိုယ်တိုင်နားနဲ့ဆတ်ဆတ်ကြားခဲ့တာ။ အဲ့ဒါကို ဒီမိန်းမက ဒီနေရာမှာထိုင်ပြီး တခြားယောကျာ်းတစ်ယောက်ကိုဘောင်းဘီချွတ်ခိုင်းရဲသေးတယ်။ တစ်ခုခုမှားနေပြီ။ သူ မိန်းမတွေအများကြီးမြင်ခဲ့ဖူးပါတယ်။ ဘယ်သူမှ ဒီမိန်းမလောက် ရဲတင်းမနေဘူး။ သူ့ညီနောက်ကို အရှက်မရှိလိုက်နေတဲ့ ယာယာလိုမိန်းမတောင် ယောကျာ်းတစ်ယောက်ရှေ့မှာဒီလိုမပြောရဲဘူး။

အပြင်ဖက်မှာနားထောင်နေတဲ့ လုံဟန့်က မူးပါလဲတော့မယ်။ ယွီခွမ်းသာ သူ့ကိုအမြန်ကူမပေးလိုက်ရင် သူမြေပေါ်ကိုဘိုင်းခနဲပစ်လဲသွားမှာကကျိန်းသေတယ်။ပိုင်ရှန်းရှို့မှာဒီလိုမျိုး ခပ်ကြမ်းကြမ်းပုံစံရှိမယ်လို့ သူဘယ်တုန်းကမှထင်မထားခဲ့မိဘူး။ လုစစ်သူကြီးထက်တောင် သူက ပြောစရာစကားပျောက်ကုန်တဲ့အဖြစ်။ သူ
မခံစားနိုင်တော့ဘူး။ သူတို့ကုတင်ပေါ်မှာလူးလှိမ့်တိုင်း သူအမြဲထိခိုက်အောင်လုပ်မိတဲ့ နူးနူးညံ့ညံ့ကြွေရုပ်လေးလို ချစ်စရာသူ့မိန်းမလေး ဘယ်လိုဖြစ်သွားတာလဲဆိုတာ တစ်ယောက်ယောက်လာပြောပေးကြပါဦး။ ဒီပုံစံဖြစ်သွားရအောင် အများကြီးခံစားခဲ့ရရှာတာလား?

တစ်ခန်းလုံးကို တိတ်ဆိတ်သွားတာပဲ။ သူမရဲ့စကားမှာ လုစစ်သူကြီးလည်း ဆွံ့အသွားတာ လုံး၀သေချာတယ်။ ဒါပေမယ့် ပိုင်ရှန်းရှို့ကိုတော့ ဘယ်အရာကမှ မဟန့်တားနိုင်တော့ဘူး။ သူ့ကိုဆက်တိုင် လှော်တော့တယ်။
"ဘာလဲ ကြောက်နေတာလား?"

ကြီးတော်ကြီး! ဘောင်းဘီချွတ်ပြီး ငါ့ကိုထိရဲထိကြည့်လိုက်စမ်းပါ။အသေကိုလုပ်သတ်ပစ်မှာ! ဒီနေ့ အဲ့အကောင်ဟာကို သင်းမကွပ်ပစ်နိုင်ရင် ငါ့ဟာငါပါ သတ်သေပစ်လိုက်မယ်။ အဲ့လိုလုပ်ဖို့လည်း သေချာကိုမြှူဆွယ်နေတာ!
(ပိုင်ရှန်းရှို့နောက်ပိုင်းကြမ်းမည် :3)

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now