(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ

Start from the beginning
                                    

ဇာတ်လိုက်မမှာလဲ ပိုင်ရှန်းရှို့အပေါ် ဘယ်ကတည်းက စုထားမှန်းမသိတဲ့ နာကျည်းမှုတွေ ရှိနေတယ်။ သူမ ပိုင်ရှန်းရှို့ကို ကြည့်တဲ့ အကြည့်ကလဲ အရေခွံပါ ဆွဲခွာစုတ်ပစ်လိုက်ချင်သလိုမျိုးပဲ။ ပိုင်ရှန်းရှို့ တတ်နိုင်သမျှ သူမ မရှိဘူးလို့ သဘောထားပြီး နေဖို့ပဲ တတ်နိုင်တော့တယ်။ နောက်တစ်နေ့ မနက်ကျတော့ လင်ချန်းဇီကို စစ်မေးဖို့ ခေါ်ထုတ်သွားကြလေတယ်။

လုစစ်သူကြီးက ပိုင်ရှန်းရှို့ရဲ့ သရုပ်မှန်ကို အရမ်းတွေ သိချင်နေတာဆိုတော့ လင်ချန်းဇီကို အရင်မေးကြည့်ချင်တာ မဆန်းတော့ဘူး။ လင်ချန်းဇီဆိုတာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးတို့၊ တရားမျှတတဲ့ လမ်းကြောင်းတို့ လုပ်ရပ်တို့ကို ခေါင်းထဲ ထည့်တတ်တဲ့ လူမှ မဟုတ်တာ။ သူမ ဦးနှောက်ထဲမှာ အချစ်နဲ့ ဘဲတစ်ပွေပဲ ရှိတယ်။ ကောင်မလေးတစ်ယောက်ကို ယောက်ျားတွေ ဝိုင်းကြိုက်တဲ့ ဝတ္ထုထဲက ဇာတ်လိုက်မတွေအကုန် အဲ့သလိုပဲလား။ သူတို့မှာ နှလုံးသားကလဲ ကျယ်ပြန့်ကြီးမားလိုက်ပါဘိ။ ဇာတ်လိုက်ရော၊ အရံဇာတ်ကောင်မင်းသားတွေကိုပါ ထည့်ထားလို့ ဆံ့တယ်။ ရန်သူ့တိုင်းပြည်က သူလျိုဖြစ်လဲ မချန်ဘူး။ ဝတ္ထုဆိုတာတွေကို အဲ့သလို ရေးတတ်ကြတာပဲလေ။

အဲ့သလိုဆိုတော့ သူမကို စစ်မေးတဲ့ အချိန်ကာလက ခါတိုင်းပုံမှန်ထက်ကို ကြာနေတော့တာပဲ။ လင်ချန်းဇီ ပြန်ရောက်လာတော့ ပါးနှစ်ဖက်စလုံး ယောင်ကိုင်းနေပြီ။ သူမကို နည်းနည်းပါးပါးတော့ နှိပ်စက် ရိုက်နှက်လိုက်ရပုံပဲ။ သူမ ပြန်ရောက်တာနဲ့ ပိုင်ရှန်းရှို့ကို ခေါ်သွားတော့တာ။ 'နောက်ဆုံးတော့လဲ အချိန်ကျလာပြီပေါ့၊ ဟင်း... အဲ့ကလေးလေးကိုသာ ကယ်ဖို့ မကြိုးစားလိုက်ရင် ငါ လွတ်ကောင်း လွတ်နိုင်ပါရဲ့'

ဒါပေမဲ့ ပိုင်ရှန်းရှို့ ကိုယ့်ဖာသာ သိနေတာတစ်ခုက အဲ့သလို အခြေအနေမျိုးနဲ့ ထပ်ကြုံရဖို့ အခွင့်ဖန်လာမယ်ဆိုရင်တောင် ကလေးကို ကယ်ဖို့ ကြိုးစားမိဦးမယ်ဆိုတာပါပဲ။ မတတ်နိုင်ဘူးလေ။ သူမ တစ်ယောက်တည်း ကိုယ်လွတ်ရုန်း ပြေးဖို့တစ်ဖို့သာ ကြည့်ခဲ့မိမယ်ဆိုရင် တစ်သက်လုံး လိပ်ပြာလုံလုံနဲ့ နေနိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ အခုချိန်မှာ သူမလဲပဲ မိခင်တစ်ဦးဖြစ်တယ်။ လင်ချန်းဇီရဲ့ သားလေးကိုတွေ့တော့ သူမ သားလေးကို သတိရပြီး ကိုယ်ချင်းစာမိလာတာ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now