"​​ရှောင်းကျန့်!!"

​​​​ခေါ်သံတစ်ခု​ကြောင့်    ​​ ​​လှေကားထစ်တို့အား  အဆုံးသတ်ခါနီး  ​ရှောင်းကျန့်၏  ​​ခြေလှမ်းတို့ဟာ  ရပ်တန့်သွားရသည်။
အသံလာရာ လှည့်ကြည့်မိတဲ့​နောက်  သူမဟာ  ​ရှောင်းကျန့်ရှိရာသို့ ခပ်သွက်သွက်​ပြေးဆင်းလာသည်။
ပါးစပ်မှလည်း ​​ စောင့်​နေဖို့ တဖွဖွ   ဆို​နေသံနဲ့အတူ   ​လှေကားထစ်​တွေ တစ်​လျှောက် ဆူညံသွားရသည့်  တရားခံက သူမ၏ ​ခြေ​ထောက်တွင်  ဆင်မြန်းထား​သော အဖျားချွန်ချွန်​  point ​​​ဒေါက်။
​လှေကားထစ်တို့အား     အလျှင်စလို​  ဆင်းနေသည့်   ​သူမ​ကြောင့်   ရှောင်းကျန့်      ​​​နောက်​ကြောင်းပြန်လှည့်လိုက်​မိ​သော အလှမ်းကျယ်ကျယ် ​ခြေလှမ်း နှစ်လှမ်းအဆုံးမှာ  သူတို့ဟာ တစ်ညီတည်း​ဖြစ်​သွားသည့်  ​လှေကားတစ်ထစ်တွင် ​ ယှဥ်တွဲရပ်လျက် ရှိကြသည်။


"ထွက်သွားတာ မြန်လိုက်တာ ငါ တရားခွင် ပြီးပြီးချင်းလိုက်လာတာကို မမှီဘူး"


​မောဟိုက်​နေသည့် သူမဟာ   ​ခါး​ကိုထောက်လို့  ပြင်းထန်စွာ အသက်ရှူ​နေသည့် ကြားက  ​ပြောသည်။
တွဲဖက်မမြင်တာ အချိန်ကြာခဲ့ပြီ ဖြစ်သည့် သူမနှင့် အမှုစစ် ယူနီ​ဖောင်းဟာ  အလွန်မှ လိုက်ဖက်လွန်းလှသည်။
နားဖုံးရုံ  တိုကပ်ကပ်ညှပ်ထားသည့် ဆံနွယ်စ​တွေကို  အ​နောက်ကို လှန်တင်ထားတာ​ကြောင့်  ရှင်းလင်း​နေသည့် မျက်နှာ။
မိတ်ကပ်မခြယ်သတာဟာ  သူမ၏ အလှကို ​ပေါ်လွင်​စေတဲ့ နည်းလမ်း။
ဆံနွယ်ရှည်​တွေနဲ့    နူးနူးညံ့ညံ့သူမဟာ လှပခဲ့သလို  ရဲရင့်ပြတ်သားသည့် သဏ္ဍန်နဲ့  အခုသူမဟာလည်း  နှစ်မျို့စရာ​​ကောင်း​နေဆဲပဲ။
မုယွမ်။
ဥပ​ဒေ​ကျောင်းတတ်​နေစဥ်   ငယ်ရွယ်ချိန်​တွေရဲ့ အ​ကောင်း အကျိုး ၊ အဆိုး အပြစ်​တွေကို  ​ဝေမျှခဲ့ဖူးသည့်  သူငယ်ချင်းသုံး​ယောက်ထဲက  ​တစ်ဦးတည်း​သော မိန်းက​လေး။

"အ​ရေးကြီး ချိန်းထားတာရှိလို့လား"


အတန်ကြာသည် အထိ ​ငေးကြည့်​နေမိခြင်းက  သူမ၏ ဒုတိယ​မြောက် စကားသံ​ကြောင့်သာ  အဆုံးသတ်သည်။
လက်ထဲတွင်  ဆုပ်ကိုင်ထားသည့်  ဖိုင်​တွေကို  ဟန်ပါပါ ဖြင့် ​မြှောက်လိုက်​တော့   သူမဟာ အလိုမကျသည့်တိုင် မျက်လွှာကို ချလို့ ပြုံးရယ်သည်။

Caligari(Complete)Where stories live. Discover now