.................

" အဖွား..ကျွန်မက ထရီဇာပါ ''

မိုင်လီက သူမရှေ့မှာရှိနေတဲ့ ခပ်သွယ်သွယ်နဲ့ချောမောတဲ့မိန်းမလှလေးကို ကြည့်ပြီး ခေါင်းညိတ်အသိအမှတ်ပြုသည် ။

" အင်း ထိုင်ပါအုန်း ''

မနက်ခင်း စောစောစီးစီး ရောက်လာတဲ့သူမက နေခြည်ဖြာနေတဲ့ မိုင်လီရဲ့ဆိုင်လေးထဲမှာ ဝင်ထိုင်သည်။

" ဟုတ်ကဲ့ ကျေးဇူးပါ ''

ထရီဇာကို ရည်မွန်ပြီးဖော်ရွေတယ်လို့ မိုင်လီထင်မိတယ်။
လိမ္မာရေးခြားရှိသည့် မိန်းမငယ်လေးပါပဲ။

" ထရီဇာ...ဘာကိစ္စရှိလို့လဲကွယ် ''

မိုင်လီက ငါးပေါင်မုန့်နဲ့ လိမ္မော်သီး ဖျော်ရည်တစ်ခွက်ကို သူမရှေ့ချပေးပြီး မေးမြန်းရင်း ခုံလွတ်တစ်ခုမှာဝင်ထိုင်သည်။

" ကျွန်မက သိပ္ပံပညာရှင်ပါ နာမည်ရပါရဂူမဟုတ်ပေမယ်ပေါ့..ဟီး.''

သူမက သွက်လက်စွာ ရှင်းပြပြီး ရယ်တော့ မိုင်လီပါလိုက်ပြုံးမိတယ်။

" အင်း.. ထရီဇာက ဘာပြောချင်တာများလဲ ''

" တခြားတော့မဟုတ်ပါဘူး အကွာရဲ့အကြောင်းပါ..အဖွားအနေနဲ့ အကွာက လူသားတစ်ယောက် မဟုတ်ဘူး ဆိုတာ သိပြီးသား ဖြစ်မှာပါ ''

" ထရီဇာက ဘယ်လိုလုပ်...''

" အင်း.. ကျွန်မက သိပ္ပံပညာရှင်ပါ ဆို အဖွားရယ်''

" အင်း.. အဲ့တာက ဘာဖြစ်လို့လဲ..  ဘာပြောမလို့လဲ ''

" အကွာက ရေအောက်မှာ ရှိနေတယ်။ ''

".....''

" သူ့အတွက် အန္တရာယ်ရှိနေတယ် ရေအောက်နန်းတော်ဆိုတာကြီးမှာ အဖမ်းခံထားရတယ် ''

မိုင်လီက ထရီဇာကို မျက်လုံးတွေမှေးကျဉ်းကာ ကြည့်လိုက်မိတဲ့အထိပဲ။

ဘယ်လို...ဒီကောင်မလေးက စိတ်ရောမှန်ရဲ့လား.. ဘယ်သူ့ကို လာပြီး လိမ်ညာနေတာလဲ..အဟက်။ အကွာလောလောဆယ်အဆင်ပြေနေတာ သူမသိထားပြီးသား..။

မိုင်လီက သူမကို ပြုံးပြုံးလေးပဲ ပြန်ကြည့်ပြီး အလိုက်အထိုက်နေပေးလိုက်ဖို့ဆုံးဖြတ်တယ်။

Peculiarly System [Completed ]On viuen les histories. Descobreix ara