သစ်သားခြင်းတောင်းကို တိတ်ဆိတ်စွာ ရက်နေခဲ့တဲ့ခဲယ်လ်တစ်က သူ့နားရွက်ကို မတ်မတ်ထောင်ထားခဲ့ပြီး သူတို့ရဲ့စကားဝိုင်းကို နားထောင်နေခဲ့တာ။တစ်စုံတစ်ယောက်က ပိုင်မုရဲ့စိတ်ကူးကို အမှတ်ရနေတာကို ကြားတဲ့အခါ သူကနိုးနိုးကြားကြားရှိလာတယ်။ဆိုင်ရယ်ရဲ့အစ်ကိုအကြီးဆုံးက ပိုင်မုကို မဆက်သွယ်ရဘူးလို့ သူ့နှလုံးသားထဲက တိတ်ဆိတ်စွာနဲ့ တွေးနေခဲ့တယ်။ဘယ်သူမှ သူ့ဆီကနေ ပိုင်မုကို  မလုယူရဘူး။

"အစ်ကိုကြီးပိုင်မုက ငါ့ရဲ့အနာဂတ်tower(မရီး)ပဲ ဘယ်သူ့ကိုမှ လုယူခွင့်မပြုဘူး"အန်းချီလော့က ချက်ချင်းပေါက်ကွဲသွားတယ်။သူက သူ့အစ်ကိုကြီးလိုပဲ ရင်ဆိုင်ပေးရမယ်။

"ဒါပေမယ့် အစ်ကိုကြီးပိုင်မုက အခုထိ မင်းရဲ့towerမဖြစ်လာသေးဘူးလေ ဒါကြောင့် ငါ့အစ်ကိုကြီးမှာ အခွင့်အရေးရှိနေတုန်းပဲ"ဆိုင်ရယ်က မှင်သေသေနဲ့ ပြန်လည်ချေပတယ်။

"မင်းရဲ့အစ်ကိုကြီးမှာ အခွင့်အရးရှိမှာမဟုတ်ဘူး"အန်းချီလော့က ယုံကြည်ချက်ရှိရှိပြောခဲ့ပြီး သူက သူ့အစ်ကိုကြီးပေါ်မှာလည်း ယုံကြည်ချက်ရှိပါတယ်။

"ဟုတ်တယ် ဒုတိယအစ်ကိုမှန်တယ် အစ်ကို့ရဲ့အစ်ကိုကြီးမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး"သူ့ရဲ့အနာဂတ် သက်သာချောင်ချိရေးအတွက် ခြင်္သေ့လေးက သူ့အစ်ကိုနောက်က လိုက်ပြောတယ်။တစ်စုံတစ်ယောက်က သူ့အနာဂတ်towerကို ထိတာမြင်ပြီး သူက ချက်ချင်း နိုးနိုးကြားကြားရှိလာခဲ့တယ်။

ပိုင်မုက ကလေးနှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ရတာ အရမ်းစိတ်ဝင်တစားရှိပေမယ့် သူတို့သာဆက်စကားများရင်တော့ သူတို့ ဒီနေ့ ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ဘူး။  ဒါကြောင့် သူက တားဆီးလိုက်တယ်။ “မင်းက အရာ၀တ္ထုတွေကို သင်ယူဖို့ လာချင်တယ်၊ အစ်ကို အရမ်းကြိုဆိုပါတယ်။ မင်းက ယောက်ျားတစ်ယောက်ကို အစ်ကို့ကို မိတ်ဆက်ပေးချင်ရင်တော့  အဲ့ဒါကို ရှောင်လိုက်ပါ‌နော်” 

"ကောင်းပါပြီ ဒါပေမယ့် အစ်ကိုကြီးပိုင်မု ၊ အစ်ကိုတကယ် ကျွန်တော့်အစ်ကိုကြီးကို မတွေးပေးတော့ဘူးလား၊ ကျွန်တော့်အစ်ကိုကြီးက  တကယ်အရမ်းတော်တာကို" ဆိုင်ရယ်က  ပိုင်မုကို ဆန္ဒမရှိစွာကြည့်လိုက်ပြီး သူ့အစ်ကိုကြီးကို ဆက်ရောင်းတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now