Castle in the air 10

Začít od začátku
                                    

ဂျီမင် ထယ်ယောင်းကို အကဲခတ်လိုက်တော့ ထယ်ယောင်း မဲ့ပြုံး ပြုံးနေတာ ပြီးတော့ သူတို့ဘက်လှည့်လိုက်သေးသည်။

"အေးလေ ငါ့သူငယ်ချင်း က ငါ့ ညီလေးကို သိပ်ချစ်မှတော့ အိမ်ပြန်လိုက်မှာမလား ကူးငယ် မင်းကောင်လေး ကိုခေါ်ခဲ့"

ထယ်ယောင်း ကားပေါ် တက်နှင့်သည်

"ဘာတွေ ပြောလိုက်တာလဲ ကိုကို့ကို ခင်ဗျားကြိုက်နေတာမလား ပြီးတော့ ကျွန်တော် က ကိုကို့ကို ဘဲ ချစ်တာ ခင်ဗျားသိရဲ့နဲ့ "

"ငါ ထယ်ယောင်းကို မကြိုက်ပါဘူး ပြီးတော့ မင်း ထယ်ယောင်းကို ချစ်တာလေ ငါ့ကို ကြိုက်နိုင်တာဘဲ ငါတို့ လမ်းမခွဲ ချင်ဘူး Jk "

ထယ်ယောင်း ကားပေါ်ကနေ သူတို့ပြောနေတာကို ကြားနေရတာမို့ မျက်ရည်တွေ အမြန်သုတ်ကာ ကားကို ဆက်နှိုးလိုက်ရသည်။

ပြီးတော့အသံ ထိန်းကာ

"ဟေ့ ပြန်မယ်လေ "

အော်လိုက်သည်။

Jk နဲ့ Jimin ထယ်ယောင်းအော်သံကြောင်းကားပေါ်အမြန်ပြေးတက်ကြ၏။

Jkက ထယ်ယောင်း ဘေး ဝင် ထိုင်မယ်လုပ်တော့ Jimin က Jkလက်ကိုဆွဲကာ ကားနောက်ခန်းမှာဘဲ ထိုင်ခိုင်းလိုက်သည်။

/////

"နေမကောင်းဘူးလား သား"

ထယ်ယောင်း စောင်ခြုံထဲ မှာ ကွေးနေအောင်အိပ်နေတော့ အမေ ကစိတ်ပူကာ နဖူးလေးလာစမ်းရှာသည်။

မနေ့ညနေကတည်းက အခန်းပြင်ကမထွက်ဘူးကိုး စိတ်မပူလဲနေမလား

"သား"

ထယ်ယောင်း မျက်လုံးလေးပွင့်လာတော့ အမေက တယုတယလေးကြည့်ကာ စိုးရိမ်နေရှသည်။ကိုယ်မပူပေမယ့် သားလေးက အားနည်းနေသလို ဘဲ

"မေမေ "

"​ဘာလဲ သား"

"သားဆီကို ဘယ်သူ ဖုန်းဆက်ဆက် သား မီမြောင်းနဲ့ ခရီးသွားတယ်ပြောပေးနော်"

"မီမြောင်းက မနေ့ကဘဲ သူ့သူငယ်ချင်းအိမ် သွားနေတယ်လေ သူနဲ့ခရီး အတူ မသွားဘဲ ဘာလို့လဲ"

"သား ကို ကူညီပါ သား အပြင်မထွက်ချင်လို့ ကူးငယ်တို့ လာခေါ်ရင် အဲ့လိုဘဲပြောပေးနော်"

Castle in the airKde žijí příběhy. Začni objevovat