အပိုင်း (၁၁)

Start from the beginning
                                    

"အေး ဟုတ်တယ် မင်းပြောသလိုပဲ ငယ်ငယ်ကတည်းက ကတိပေးသဘောတူထားကြတာ၊ ခု သူက ပြန်ရောက်နေပြီ၊ မနက်ဖန် အိမ်လာခဲ့အုံး•"
" တကယ်ကြီးလား...ထက်ပိုင်"

အံ့ဩမိတာ အမှန်ပဲ။ ထက်ပိုင်တို့ အသိုက်အဝန်းက ပညာတက် ဆရာဝန်မျိုးရိုး..သူ အမှတ်ကောင်းရဲ့သားနဲ့ ကျွန်တော်တ်ု့နဲ့အတူ စီးပွါးစီမံကိုယူပြီး ၊ သူဝါသနာအရ သချာ်ကို disploma ယူခဲ့တယ်။ သူအိမ်က ဆေးရုံ၊ ဆေးခန်းပိုင်တော့ အခု သူအိမ်အလုပ်မှာပဲ ဆောက်ချလုပ်နေပြီ။ သူတကယ်ပဲ သူအိမ်ကသဘောအတိုင်း လက်ခံတဲ့သဘောလား ၊ သူ ခံစားချက်ကိုရော ထည့်မတွေးတော့ဘူးလား။

"ကောင်းပါတယ် မင်းအချစ်စစ်နဲ့တွေ့တော့ ငြိမ်သွားတာ အံ့ဩယူလောက်တယ် ငထက်"
"အင်း အဲလိုပြောရမလား...သူအမည်က ဒေါက်တာ မြမြင့်မိုရ်ရိပ်တဲ့ ။ ဟိုတလောကပဲ UKက ပြန်ရောက်တာ ..ဒီ မှာပဲ အခြေချပြီး ငါတို့ မိသားစုပိုင် ဆေးရုံထဲက တစ်ခု ကို သူနဲ့ငါ ဦးစီးရမယ်။ ဖေဖေရဲ့ သူ့အဖေက ငယ်သူချင်းတွေ သူအဖေက ကျန်းမာရေးဌာရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ ဒီလိုပဲကွာ...ငယ်ငယ်ကတည်းက ငါတို့တွေ့ဆုံကြပြီး အချိန်ကြရင် လက်ထပ်မယ်ပေါ့။ ဒီလောက်ပဲ အရွယ်ရောက်ပြီလေ ..မိသားစု အတည်တကျလေး နေတော့မလားလို့.."

"အချစ်..မင်းတို့တစ်ယောက်ကိုတစ်ယောက်...ချစ်ကြသလား"
" အရင်က ငါရူပ်ခဲ့သမျှ သူနားလည်ပေးတယ်၊ ငါအကြောင်းအကုန်သိထားပြီပြီးတဲ့ လက်ခံနိုင်တယ်တဲ့ ငါဘာလိုသေးလဲ"

"ဟား..အဟုတ်ပါ့လား...နားလည်ပေးနိုင်တဲ့အမျိုးသမီးပဲ ဂုဏ်ယူတယ်ကွာ မင်းအတွက် လာCheer! "
"Cheer! "

" ဘာလဲ အားကျနေလား သက်ကို ..မင်းကောင်လေးနဲ့မင်းအခြေအနေကရော "
" ဒီအတိုင်းပဲ ငါအိမ်ကတော့ LGBT တွေနဲ့မြင်တွေ့နေကြမို့ ဘာမှတားဆီးတာတော့မရှိပါဘူး၊ ငါတကယ်ချစ်ရင်ပေါ့"
"ကောင်းပါတယ်ကွာ...ငါသူငယ်ချင်းတွေ အတည်တကျငြိမ်နေကြတာ "

"မင်းကရော ရဲရင့်...ကောင်းပြည့်လေးက တကယ့်ရိုးသားတယ်နော် ငါအတို့အမြင်ကတော့ .."
"တော်ပါတော့ကွာ...အလကား ဒီရောက်တုန်း အဲ့အကြောင်းမတွေးချင်ဘူး "
" ငါ ဘာမှတော့ မပြောချင်ဘူး ...မင်းအစီအစဉ် ကို တစ်ခါလောက်စဉ်းစားစေချင်သေးတယ်"

ချစ်ခြင်းတို့အလွန် Where stories live. Discover now