" ဆောင်းဟွန်း ပြန်ရောက်ပြီလား "

လူက အိမ်ထဲ မဝင်ရသေးခင် အစ်ကို ဟီဆွန်းက အော်သံကြီးနဲ့ အရင် ကြိုဆိုတယ်။ ဖိနပ်ချွတ်မှာလည်း ဖိနပ်တွေက ပျံ့ကျဲလို့။ မလျော်ရသေးတဲ့ ခြေအိတ်တွေကလည်း မှိုတောင်ပေါက်နေလောက်ပြီ။ အိမ်ထဲမှာလည်း အဝတ်ဟောင်းတွေနဲ့  မုန့် အခွံတွေက မြင်လို့တောင်မကောင်း။

" ငါမရှိတဲ့ သုံးရက်အတွင်း အိမ်ကနေ အမှိုက်ပုံအဖြစ် ပြောင်းသွားတာလား "

စိတ်ပျက်လက်ပျက်နဲ့ ထမင်းစားပွဲက ထိုင်ခုံတစ်လုံးပေါ် ထိုင်ချတော့ ယန်းဂျောင်ဝန်းက ဆော့လက်စ ဂိမ်းကို ချပြီး သူ့ကို အတင်းဖက်လို့ မျက်နှာချိုလာသွေးတယ်။ မီးဖိုခန်းထဲက သေချာ မပျောက်သေးတဲ့ ဟင်းနံ့တွေရယ်၊ ဂျောင်းဝန်း ဆီက ရတဲ့ ခေါင်းလျော်ရည်နံ့တွေရယ်က နောက်ကျိနေတဲ့ ဆောင်းဟွန်းခေါင်းကို နှစ်ဆ တိုးလို့ ကိုက်စေတယ်။ နေ့လည်က မြင်လိုက်ရတဲ့ ပုံကို ပြန်တွေးမိတော့ အသက်ရှုနေရင်းတောင် ရင်ထဲမှာ ပိုပိုပြီး အော်ဂလီဆန်လာသလိုပဲ။

" အရမ်း ပင်ပန်းလာတာလား။ မျက်နှာလည်း မကောင်းဘူး "

အစ်ကို ဟီဆွန်းက ရေတစ်ခွက်ယူလာပေးရင်း သူ့အနားက ခုံမှာ လာထိုင်တယ်။ ဘယ်နှစ်ရက် ဝတ်ပြီးသားမှန်း မသိတဲ့ ခပ်ပွပွတီရှပ်နဲ့ ကာတွန်းရုပ်တွေ စုံနေအောင်ပါတဲ့ ဘောင်းဘီရှည်ကို ဝတ်ရင်း ထိုင်နေပုံက တကယ်ကို အသက်သုံးဆယ်လို့ ပြောရင်ကို ယုံချင်စရာ မရှိအောင်ပါပဲ။ သူမရှိတုန်း ကလေးနဲ့ပေါင်းပြီး ညလုံးပေါက်တွေ ဂိမ်းဆော့ထားဟန်တူပါတယ်။ မျက်လုံးတွေရဲတွတ်ပြီး မျက်ကွင်းတွေလည်း ညိုလို့။

" ယန်းဂျောင်ဝန်းနဲ့ ပေါင်းပြီး ကလေးကလားတွေ လုပ်နေပြန်ပြီလား။ စိတ်ညစ်တယ် "

" မညစ်ပါနဲ့ကွာ မင်းကလည်း။ အကုန်လုံးလိုက်ပြီး စိတ်ညစ်နေတော့တာပဲ။ အဲလိုတွေ အကုန်လိုက်ပူနေတော့ မင်းပဲ ပင်ပန်းရတာပေါ့ ဟွန်းဟွန်းရဲ့။ ငါ အခုပဲ ရှင်းလင်း ထားလိုက်မှာမို့ ညသိပ်မနက်ခင် ရေမိုးချိုးတော့လေ။  ညနေစာလည်း ပြင်ထားလိုက်မယ်။ နောက်ကျနေပြီ ဆိုပေမယ့် ဝင်သလောက်တော့ စားလိုက်နော် "

Written in the stars | SungJeng Where stories live. Discover now