"ရော့ ဒီမှာတစ်လစာလခ ငါ့ဆိုင်ကိုစောက်ပြဿနာရှာပြီးမှထွက်လို့ သုံးလစာတော့ လာမမျှော်လင့်နဲ့..."

သူဌေးက စားပွဲပေါ်သို့ပိုက်ဆံတစ်ထပ်အား ပစ်တင်ရင်းပြောသည်။တင်းမာလာသော အခြေအနေတို့ကြောင့် ဝသုန်က ဆိုင်းလော့ဒ်ရှေ့မှ ဝင်ကာရပ်၍...

"ဟို အဲ့လိုတော့မလုပ်ပါနဲ့ သူဌေးရယ် ဒီတစ်ခါတော့နားလည်ပေးပါ သူလည်းရုတ်တရက်ဆိုတော့ အတွေ့အကြုံမရှိတော့ လွန်ကျွံကုန်တာပါ..."

ဝသုန်ကကြားထဲမှ ဝင်ဖြန်ဖျေရှာသည်။

"ဟ ဘားမှာလုပ်ရင် ဒါမျိုးတွေက အနည်းနဲ့အများကြုံရမယ်ဆိုတာ မင်းကြိုမပြောထားဘူးလား ငါက ဒီကောင့်ကိုမင်းမျက်နှာနဲ့လက်ခံထားတာ အခုလိုမျိုး ဆန်မရှိအစားကြီးပြီး ဖင်ခေါင်းကျယ်တဲ့ကောင်တွေ ငါ့ဆိုင်မှာမထားနိုင်ဘူးကွ လူဆိုတာကိုယ့်အဆင့်ကိုယ်သိရတယ် ကိုယ်ဘယ်နေရာရောက်နေလဲ နားလည်ရတယ် မင်းကောင်ဖာသာအရင်က ဘာကောင်ကြီးဖြစ်ဖြစ် အခုငါ့ဆိုင်မှာလာလုပ်ရင် ငါ့အလုပ်သမားပဲ အဲ့ဒါမို့ ငါ့စည်းကမ်းကိုမလိုက်နာနိုင်ရင်ထွက်ပဲ အလုပ်ကိုအလုပ်လိုမလုပ်နိုင်ရင် ငါလည်းအလကားလခမပေးထားနိုင်ဘူးကွ မင်းကောင်ပြဿနာရှာတာ ဘယ်နှခါရှိပြီလဲ..."

"ဟုတ် ဟုတ်ပါတယ် သူဌေးရယ် နောက်ဆို သူ့ကိုနားလည်သဘောပေါက်အောင် ကျွန်တော်သေချာရှင်းပြပြီး သင်ပေးထားပါ့မယ် နောက်ကိုဒါမျိုး ထပ်မဖြစ်စေရပါဘူး ကျွန်တော်အာမခံပါတယ်..."

ဝသုန်က ကြားထဲကနေ တောင်းတောင်းပန်ပန် ဝင်ပြောသည်။

"အေး အလုပ်အတွက်ဆို ကာစတန်မာက ကုတင်ပေါ်ခေါ်လည်းလိုက်ရမှာပဲနားလည်လား မင်းတို့အဆင့်ကရွေးချယ်နေခွင့်မရှိဘူး ကာစတန်မာအလိုကျလုပ်ပေးနိုင်မှ ထမင်းဝမှာ အပြင်မှာ ကိုယ့်ဖာသာဝလင်အောင်ရှာစားနိုင်ရင်တော့ စောက်ကြီးကျယ်ကြပေါ့ကွာ..."

"ဟုတ်ပါတယ် သူဌေးရယ် ကျွန်တော်ပဲကြားထဲက တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး ကျွန်တော်အာမခံပါတယ်..."

"အေး ငါ့ကိုလာတောင်းပန်စရာမလိုဘူး အဲ့ဒီဇိုင်နာကိုပဲ ကျေနပ်အောင်သွားလိုက်တောင်းပန် သူကျေနပ်တယ်ဆိုမှ မင်းကောင်ကို ဆက်ထားနိုင်မယ် သူလုပ်ခဲ့တဲ့အပြစ်အတွက် သူတာဝန်ယူပေးရမယ်.."

Wild  Rose(complete)Where stories live. Discover now