"ထိတွေ့ဖူးတာမှန်တယ် ဒါပေမဲ့ ယောက်ျားချင်းတော့ ရွံတယ် ပြီးတော့ ကျွန်တော်ကအဲ့လိုကောင်စားမဟုတ်ဘူး.."

"ဟျောင့်..."

ဝသုန်က စကားတွေအရမ်းမလွန်ကျွံစေဖို့ လက်တစ်ဖက်အားလှမ်းဆွဲကာ ခပ်တိုးတိုးခေါ်၍ သတိပေးသည်။သူဌေးကတော့ ဆိုင်းလော့ဒ်၏ တစ်ကိုယ်လုံးအား အထင်သေးစွာစုန်ဆန်ကြည့်၍ မဲ့ပစ်ပြီးမှ....

"အစကတော့ အဲ့လိုပဲပြောကြတာပဲ ငွေရလွယ်ပြီးလူသက်သာတဲ့အလုပ်ကို ဘယ်သူကမကြိုက်လို့လဲ အဲ့လိုလေကြီးမိုးကြီးပြောတဲ့ကောင်တွေပဲ ပိုက်ဆံမြင်ရင်xင်ပြေးခံကြတာ..."

သူဌေးက ခပ်ရိုင်းရိုင်းပြောသည်။ဆိုင်းလော့ဒ် လှိုက်တက်လာသော မခံချင်မာနတို့အား အတင်းအကျပ်မြိုချနေရသည်။

"ဒီနေ့ မင်းလုပ်လိုက်တဲ့လုပ်ရပ်က ငါ့လုပ်ငန်းကို အများကြီးထိခိုက်တယ်သိလား မင်းထိုးလိုက်တဲ့လူက ဒီဇိုင်နာလောကထဲမှာနာမည်ကြီးဆိုတာရော သိရဲ့လား အဲ့ဒီလိုလူက မင်းကိုစိတ်ဝင်စားတယ်ဆိုတာ နည်းတဲ့အခွင့်အရေးထင်နေတာလား သူ့ကုတင်ပေါ်ကုတ်တက်ချင်နေတဲ့ကောင်တွေမှ အများကြီးပဲ မင်းကိုယ်မင်းဘာအဆင့်ရှိတယ်ထင်နေလို့ သွေးနားထင်လာရောက်နေတာလဲ ဟိုကမင်းကိုအလကားခေါ်ကိုင်တာမဟုတ်ဘူး တန်ရာတန်ကြေးပေးထားတာ နားလည်လား တောက်!...ဘားမှာအလုပ်လာလုပ်ပြီး အကဲလာပိုနေတယ် အလုပ်ကိုအလုပ်လိုမလုပ်ဘူး မလုပ်နိုင်ရင်ထွက် အရက်ဖျော်တဲ့ကောင်တွေ လုပ်ချင်နေတာ ရိုက်သတ်မကုန်ဘူး.."

သူဌေး၏ လွန်ကျွံလာသောစကားတို့ကြောင့် ဆိုင်းလော့ဒ်၏ မေးကြောကြီးများတင်းလာကာ လက်သီးအား ခပ်တင်းတင်းဆုပ်မိပေမဲ့ ဘာမှလည်းပြန်မပြောနိုင်ပေ။အခက်ခဲဆုံးအချိန်မှာမှ ဒီအလုပ်ကိုသူလက်လွှတ်၍ မဖြစ်နိုင်ပေ။သမီးအတွက်ဆေးဖိုးစရိတ်စကတွေရယ် ရှင်းခန့်မောင်ဆီမှာ တင်ရှိနေတဲ့ကြွေးမြီးတွေရယ် စသည့်အရာအားလုံးကို ဖြေရှင်းနိုင်ဖို့ထွက်ပေါက်က လောလောဆယ်ဒီအလုပ်ကလွဲပြီးတခြားမရှိပေ။သို့ပေမဲ့ ယောက်ျားတန်မဲ့ တခြားယောက်ျားများထံမှာ သူ့သိက္ခာနှင့်ခန္ဓာကိုယ်ကို ရောင်းစားလောက်ရသည့်အထိတော့ သူ မနုံခြာချင်ပေ။

Wild  Rose(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ