အပိုင်း (၇)

Start from the beginning
                                    

"ကောင်းကောင်း...ငါတို့ ညနေကြ မူန့်သွားစားကြရအောင် ..ဒီအပတ်ပိတ်ရက်ကြ အပါးလာမယ်တဲ့...ပြီးတော့ ကျောင်းပိတ်ရင်လည်း အပါးလာခေါ်မှာတဲ့..ငါတို့စိတ်မချလို့တဲ့ မင်းအဖေကတော့ လယ်ငှါးတွေ ရှင်းပေးနေရလို့မအားလ်ု့လိုက်မလာဘူးတဲ့ "

အပါးက ပိတ်ရက်ကြ ရန်ကုန်ကိုပစ္စည်းသစ်တွေကြည့်ရင်း တခါတလေလာတက်တယ်။လာရင် ကျွန်တော်တို့ဆီလာတယ်၊မူန့်ကြွေးတယ် ၊shopping လိုက်ပို့တယ်..ကောင်းကောင်းအပေါ်လည်းချစ်ရှာတယ်။ ကောင်းကောင်းတို့မိဘတွေနဲ့က ရင်းနှီးကြတယ်။ငကောင်းအဖေက လူရိုးကြီး လယ်သမားမျိုးရိုး နယ်မြို့ဆိုပေမယ့် ငကောင်းတို့မိသားစုပိုင်လယ်တွေအများကြီး။ကိုယ်တိုင်မလုပ်ပဲ အငှါးချတယ် မမမိုးပြည့်ဆုံးပြီးကတည်းက ငကောင်းတို့သားအဖ ဘုန်းကြီးဝတ်ကြသေးတယ်။အန်တီကလည်း ပြန်လည်ထူထောင်ဖို့ မားမားတို့ကအစ ဝိုင်းဝန်းကူညီခဲ့ကြဖူးတယ်။
ဘာအလုပ်မှမလုပ်တောင် ငကောင်းတို့က ချမ်းသာကြတယ် နယ်မြို့အလိုက်ပေါ့။

ကျွန်တော်ကတစ်ဦးတည်းသောသားပီပီ နဲနဲဆိုးချင်တယ်..ဟိုကောင်ငကောင်းက မားမားလည်းကပ်ချွဲတာ ..အိမ်လာရင် ကျွန်တော်က ပလစ်ခံရပြီအမြဲတမ်း။ မားမားဆိုလည်း သားလေးကောင်းကောင်း ဆိုတာပါးစပ်ဖျားကမချ..အဖိုးတန်လက်ဆောင်ဆိုအမြဲငြင်းတယ်...သူမငြင်းတာဆိုလို့ အစားအသောက်ပဲ..အစားအသောက်ကလူနဲ့မလိုက် အစုံစား.။ သူကြောင့်ကျွန်တော် အိမ်ကပ်တယ်၊သူကြောင့်ကျွန်တော်  ရန်မဖြစ်တော့ဘူး၊ လိမ်မာလာတယ်...ချစ်လို့ လို့ခေါင်းမတပ်ပေမယ် အမြဲအနားမှာရှိနေချင်တာ။သူလည်းရည်စားမရှိ ကျွန်တော်လည်းမထား...အတူတူ စားလိုက်ရန်ဖြစ်လိုက်၊ကောက်လိုက်၊ချော့လိုက်...

"ဟုတ်လား..ဦးလေးလာမှာလား..ဟိ..လာရင် ဘာဝယ်ပေးခိုင်းရမလဲ ...ဆိုတော့ "
လက်သည်းကိုက်ရင်း စဉ်းစားနေလေရဲ့။ တခုခုတွေးတောတာ၊ အထိတ်တလှန့် ဖြစ်လာရင် သူ့ ပြုမူတက်တာလေးကအစ ကျွန်တော် အတွက် မျက်တောင်မခပ်ငေးချင်တာ။ သူငယ်ချင်းဆိုတဲ့စည်း၊ LGBT ကိုလက်မခံနိုင်သေးတဲ့ နယ်က မိဘတွေ ၊ ငါ ဘာလုပ်ရမလဲ ကောင်းကောင်းရာ.....
ငါ့အချစ်ကို ထုတ်ပြောခွင့်ရပါ့အုံးမလား....

ချစ်ခြင်းတို့အလွန် Where stories live. Discover now