"နောက်၁၅မိနစ်ဆိုစပါပြီ"

အချက်အပြုတ်ခန်းမှ ပြန်ထွက်လာတော့ ball roomထဲ ဝင်လာ
သည့်ဧည့်သည်တွေဆီအကြည့်ရောက်သွားသည်။ လူတွေ တသဲသဲ
နှင့် ခန်းမထဲဝင်လာပြီး လူအယောက်၃၀၀လောက်ဆန့်သည့် ခန်းမ
ကြီးက တဖြည်းဖြည်းနှင့်စည်ကားလာသည်။ ဘုန်းဆက်ကတော့
တိုင်းနောက်ဘက်ခြေနှစ်လှမ်းအကွာမှာ ရပ်နေပြီး ဟိုကြည့်ဒီကြည့်
နှင့် ဘေးမှ Waiter ဖြတ်လျှောက်သွားသည်နှင့် လင်ဗန်းပေါ်က
အအေးတစ်ခွက်ကို ယူလိုက်၏။

ဝင်လာသောဧည့်သည်တို့ကိုလှည့်ပတ်ကြည့်ရင်း ဘုန်းဆက်ထံသို့
အကြည့်ရောက်သွားတော့ တိုင်းမျက်ဝန်းတွေအနည်းငယ်တွန့်ကုပ်
သွားလေသည်။ ဒီကောင် ဘယ်နေရာ ရောက်ရောက်အစားအသောက်
ကတော့ မပြတ်ဘူး။ ထို့နောက် ပွဲစတာနဲ့တိုင်းက စားပွဲဝိုင်းတစ်ခုမှာ
ဝင်ထိုင်လိုက်ပြီး လက်ပိုက်ထားလိုက်တော့သည်။ ထိုင်နေသည့်အနား
ဘုန်းဆက်ပါရောက်လာတော့ မျက်မှန်ပင့်တင်ပြီး ခပ်တိုးတိုးလေသံ
ဖြင့်...

"မင်းကြည့်ရတာ တော်တော်ငတ်နေပုံရတယ်"

"ဖွီး!"

"ဟာ!"

တိုင်းစကားကြောင့် ဘုန်းဆက်အအေးသောက်ရင်း 'သီး'သွားကာ
အအေးတစ်ချို့ တိုင်း၏ အင်္ကျီပေါ်ဖိတ်ဆင်သွားသည်။ လိမ္မော်ရည်
စွန်းထင်းသွားသော အင်္ကျီစကိုကြည့်၍ဒေါသထွက်ကာ မတ်တပ်ထ
ရပ်လိုက်တော့ ဘုန်းဆက်က မျက်လုံးပြူးကြီးနှင့် အအေးခွက်ကို
စားပွဲပေါ်အမြန်ပြန်တင်ကာ လက်ကိုင်ပဝါဖြင့် ကုတ်အင်္ကျီပေါ် ၌
စွန်းထင်းသွားသည့် အချိုရည်တွေကို ပွတ်သုတ်ပေးသည်။

တိုင်းမျက်နှာ တည်တင်းသွားကာ မျက်မှန်အောက်က မျက်ဝန်းတွေ
ပိုမို အေးစက်လာပြီး သုတ်ပေးနေသည့် coatပေါ်မှလက်ကို ဖြုတ်ချ
လိုက်တော့သည်။ပြီးမှ လေသံအငယ်ထိန်းထားလျက်အံကြိတ်သံဖြင့်

"Richard Thwin! ဒီအင်္ကျီက မင်း ရဲ့တစ်နှစ်စာလစာရှိတယ်
ဆိုတာ နားလည်လား၊ ဖယ်စမ်း"

အချိုရည်တွေပေနေသည့်လက်ကိုင်ပဝါကိုကြည့်နေရင်း ဘုန်းဆက်
ခေါင်းငုံ့ထားလျက်ဘာမှမပြော။service manager ကတော့
ချောင်းတစ်ချက်ဟန့်ပြီး စက်ကွင်းမိမည်စိုး၍ ခပ်သုတ်သုတ်ထွက်
သွားလေသည်။ မင်္ဂလာပွဲကလည်း စနေပြီမလို့ ဆက်မပြောတော့ပဲ
ခန်းမထဲ ဝင်လာတဲ့သတို့သမီးကိုသာကြည့်နေလိုက်၏၊အကုန်လုံးက
သတို့သမီးဝင်လာသည်နှင့် အားကျသလိုအကြည့်မျိုးတွေနဲ့ ပြုံးရွှင်
နေကြသည်။ ထိုအချိန် ခန်းမထဲက မီးတွေအကုန်လုံးရုတ်တရက်ဆို
သလို ပျက်သွားတော့သည်။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now