အပိုင်း(၁၆)

Start from the beginning
                                    

ထိုအချိန်မှာပဲ သူတို့အကြည့်ချင်းဆုံမိသွားကြသည်
"ရှင် ကျွန်မကို ပြောချင်တာတစ်ခုခုရှိလို့လား"
အက်စတယ်လာ သူမရဲ့လုံး၀န်းသောမျက်လုံးတွေကိုဖွင့်ပြီး ခေါင်းကို စောင်းလိုက်သောအချိန်၌

"အားးးးးးးးးးးးးး"

ထိတ်လန့်စရာအသံတစ်ခု အဆောက်အအုံအတွင်း ပဲ့တင်သံထပ်သွားခဲ့သည်
အံဩစွာနှင့် အက်စတယ်လာနှင့် သူမ အသံလာရာသို့ ပြေးသွားခဲ့သည်

လူနာထမ်းဆက်ပေါ်က ယောကျာ်းကိုမြင်လိုက်သော အခိုက်အတန့်၌ သူမမျက်ခုံးများပင် တွန့်သွားခဲ့သည်
သူရဲ့ပုံစံက ကြောက်စရာကောင်းနေခဲ့သည်

ခြေထောက်တစ်ဖက်က လုံး၀ကိုကြေမွနေပြီး ကျန်တစ်ဖက်ကလဲ ဆိုးရွားစွာကွေးနေခဲ့သည်
ထိုယောကျာ်းဆီချည်းကပ်ရင်း အက်စတယ်လာအော်လိုက်သည်

"သူအခြေအနေက စိုးရိမ်ဖွယ်ရှိတယ် သူကို အိပ်ရာပေါ် အခု ရွေ့လိုက်"

အဲ့အချိန်မှာပဲ အော်ဟစ်နေတဲ့ထိုယောကျာ်းက အက်စတယ်လာဆီလှည့်လာခဲ့သည် အက်စတယ်လာအားမြင်မြင်ချင်း သူမျက်လုံးများပြောင်းလဲသွားခဲ့သည်

"သူတော်စင် မင်းကသူတော်စင် ဟုတ်တယ်မလား"
"အင်း ဟုတ်ပါတယ်"

ထိုလူ သံသယများပျောကကင်းစေရန် အက်စတယ်လာ ညင်သာသောအသံနှင့် ဖြေလိုက်သည်

"အို သူတော်စင်"
ထိုယောကျာ်းမျက်လုံးများက ကယ်တင်ရှင်အားတွေ့လိုက်သလို ၀င်းလတ်လာခဲ့သည် ထို့နောက် သူ အက်စတယ်လာလက်တွေကို လှမ်းဆွဲလိုက်သည်

"သူ သူတော်စင် ကျေးဇူးပြုပြီး ကျွန်တော့်ကို နတ်ဘုရားရဲ့ စွမ်းအားတွေနဲ့ ကုသပေးပါ ကျွန်တော်အခုလိုသာ ဆက်နေရင် ကျွန်တော့်ခြေနှစ်ဖက်လုံးဆုံးရှုံးရလိမ့်မယ်"
အက်စတယ်လာမျက်လုံးများက ကြမ်းကြမ်းတမ်းတမ်းညှိနှိုင်းနေသောနေရာ၌ ယိမ်းယိုင်နေခဲ့သည် သို့သော်လည်း အက်စတယ်လာခံစားချက်တွေကို အစဉ်လိုက်ဖြစ်အောင်လုပ်ရင်း ငြိမ်သက်စွာပြောလိုက်လေသည်

"ကျွန်မတောင်းပန်ပါတယ် အခုအချိန်မှာ ကျွန်မ နတ်ဘုရားရဲ့စွမ်းအားကို အသုံးပြုဖို့ မတတ်နိုင်သေးဘူး ဒါပေမဲ့ ကျွန်မ ရှင့်ကိုကုသမှုပေးဖို့ ဘုန်းတော်ကြီးတွေနဲ့ အကောင်းဆုံးကြိုးစားပေးမှာပါ"
ဒါပေမဲ့ ထိုယောကျာ်းက သူပြည့်ပြည့်၀၀ပြန်ကောင်းလာမဲ့ တခုထဲသောနည်းလမ်းကို အလျော့မပေးသေးပေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now