"တစ်ခုခုစားလေနွေ ပြီးမှတို့ ပြန်လိုက်ပို့ပေးမယ်"မမနီက ခုတင်ထက်တွင် သူမပစ္စည်းများအားချရင်း ဆိုလေသည်။

"မပြန်ပါဘူး နွေက မမနီနဲ့အိပ်ဖို့ထွက်လာတာကို"
"နွေ့..."
"မမနီနဲ့အဖော်ပြုပြီးအိပ်ပေးဖို့လို့ပြောတာလေ ဘာတွေလျှောက်တွေးနေတာလဲ အပျိုကြီးနော် ဟင်းဟင်း"
"နွေနော်... တို့နဲ့မအိပ်နဲ့ တို့ဘာသာအိပ်ရဲပါတယ်။နေ့ဘက်ကျ တို့လာခေါ်မယ်လေနော်"
"ဟင့်အင်းမရပါဘူး..နွေကမမနီနဲ့ပဲအိပ်မှာ။မမနီကဘာတွေစိုးရိမ်နေတာလဲ"
ထိုင်ရာမှ မျင်နှာချင်းဆိုင်ဖြစ်အောင်ထရပ်လိုက်ပြီး မျက်ဝန်းတို့အားစိုက်ကြည့်ကာ မေးလိုက်တာကြောင့် မမနီဟာ တစ်ဖက်သို့လှည့်သွားလေသည်။
"မဟုတ်..မဟုတ်ပါဘူး..ဘာမှမစိုးရိမ်ပါဘူး။နွေအဆင်ပြေတယ်ဆိုရင်လည်း အိပ်လေနော်"
ထိုမျှသာပြောပြီး ပစ္စည်းများအား နေရာချကာသိမ်းနေလေသည်။ခဏအကြာ မှာထားသည့်စားစရာများရောက်လာသည်မလို့ နှစ်ယောက်အတူစားဖို့ပြင်မိလိုက်ကြသည်။
"နွေက အသည်းမစားဘူးနော် ဟုတ်တယ်မလား"
"ဟုတ်တယ်ရယ် နွေက အသည်းအမြစ်ဘာမှမစားဘူး နွေစားချင်တာတစ်ခုတော့ရှိသား"
"ဘာလဲဟင်..တို့မှာပေးမယ်လေ"
"အွန်း..နွေက မမနီကိုစားချင်တာ"
"နွေ့..."
အော်သံနှင့်အတူ ဝသုန့်ဗိုက်ခေါက်ပေါ်ရောက်လာသည့်လက်တစ်ဖက်ကြောင့် အော်လိုက်မိသည်။ဘာလို့များအပျိုကြီးတွေ သူများဗိုက်ခေါက်ကိုလိုက်လိမ်ချင်ကြတာလဲမသိဘူး။
"နာတယ်မမနီရဲ့"
"ရှင်ဘာလို့ မဟုတ်တာတွေလိုက်ပြောလဲ နွေနော် လူကိုရိသဲ​သဲ့လုပ်နေ အခန်းပြင်ထုတ်ထားမှာ သိလား"
"တကယ် ထုတ်ရက်တယ်ပေါ့ "
"ရှင် ရိသဲ့သဲ့လုပ်နေရင် ထုတ်ရမှာပဲ။အသားကလည်းယူချင်သေး လူကိုလည်းရိသဲ့သဲ့ကလုပ်ချင်သေး။ရှင်တော့နော် "
"ပါးလေးတစ်ခါနမ်းမိပါတယ်ပြောမဆုံးတော့ဘူး သူကျသူများနဖူးကိုပိုင်စိုးပိုင်နင်းနမ်းပြီး ဟွန့်"
"နွေနော်..တော်ပြီတိတ်တော့ စားစရာရှိတာစား အဲ့တာပဲဆက်ပြောနေရင် အပြင်ထုတ်ထားတော့မှာ"
ရှက်ရမ်းရမ်းကာနှုတ်ခမ်းကလေးအားစူရင်းကြည့်နေပုံမှာ တကယ်လုပ်တော့မည့်ပုံမလို့ အသံတိတ်ကာ ထမင်းသာစားနေမိတော့သည်။တော်
ကြာ အဲ့လိုမနေလို့ အပြင်ထွက်နေခိုင်းရင် ဒုက္ခရောက်ချည်ရဲ့လေ။ဒီအမျိုးသမီးကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့ သိနှင့်နေပြီးသားမလား။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now