Taehyungသက်ပြင်းချမိပြန်သည်။ ထိုသူနဲ့တွေ့မှပဲTaehyungလည်းမလုပ်ဖူးတဲ့အရာတွေလုပ်မိနေပြန်တာမဟုတ်လား။သို့ပေမဲ့Taehyungသူ့အားမျက်နှာချင်းဆိုင်ရန်သတ္တိမရှိပေ။အချစ်ရေးရာမှာမူကြိုအတန်းအဆင့်သာရှိသောTaehyungအားရီဝေသောအကြည့်များဖြင့်ကြည့်ကာ အချိန်အတော်ကြာနမ်းရှိုက်ခဲ့ကြသည်မဟုတ်လား။

Flashback.
အတွေးလွန်နေသောTaehyungအားစူးစိုက်ကြည့်နေသောJungkook.ထိုကဲ့သို့စူးစိုက်ကြည့်နေသည်ကလည်းကကြီးပုံသဏ္ဌာန်နှုတ်ခမ်းလွှာတစ်နေရာထဲကိုသာ။ လူတိုင်းတွေဆဌမအာရုံဆိုသည်မှာရှိသည်မဟုတ်ပါလား၊ထိုကဲ့သို့ပင်Taehyungသည်လည်းအတွေးလွန်နေရင်းမှတစ်စုံတစ်ယောက်စိုက်ကြည့်နေသည့်ဟူသောဆဌမအာရုံကိုရလိုက်၍ ရှေ့တည့်တည့်အားပြန်ကြည့်မိသည့်အခါ Taehyung၏နှုတ်ခမ်းများအားစိုက်ကြည့်နေသူတစ်ယောက်ကြောင့်မျက်မှောင်လေးကြုတ်သွားရသည်။

"အဟမ်း လူတစ်ယောက်ကိုအဲ့လိုစိုက်ကြည့်နေတာယဥ်ကျေးတဲ့လုပ်ရက်မဟုတ်ပါဘူး Jeonသခင်လေး"

"ဟုတ်ပါရဲ့Kimရယ် တခြားသူတွေနဲ့ဆိုလူကြီးလူကောင်းဆန်ခဲ့သမျှKimနဲ့တွေ့မှအဲ့ယဥ်ကျေးမှုတွေလည်းလေနဲ့အတူပါသွားသလိုပဲ"
အပြုံးလေးတစ်ချက်ဖြင့်ပြောလာသူကြောင့်Taehyungတစ်ယောက်ငေးမိသွားသည်ကတော့အမှန်ပင်။ ငေးနေတုန်းTaehyungအနားရောက်လာသူကြောင့်Taehyungအနောက်ဆုတ်ရမ်ပြင်လိုက်သော်လည်းလက်မြန်သူကခါးသိမ်သိမ်လေးအားဖက်တွယ်ကာခန္ဓာကိုယ်ချင်းနီးကပ်စေပြန်သည်။

Jungkookရူးသွားတော့မလိုခံစားလိုက်ရသည်။Suitအကြီးကြီးဖြင့်ဖုံးကွယ်ထားသည်၏အောက်တွင်ဒီလိုအလှတရားလေးရှိသည်တဲ့လား။Jungkook၏ကြွက်သားအပြည့်နှင့်သန်မာသောလက်တစ်ဖက်စာအပွေ့လေး။

"ဟာ ခင်ဗျားဘာလုပ်တာလဲ ဖယ်စမ်း"

"အဟက်! တားလို့ရရိုးလားKimရယ်"

"ဒီမှာJeon Jungkook shii ခင်ဗျားကိုဧည့်သည်ဖြစ်လို့ဒီလောက်ထိသည်းခံနေတာပါ လူကြီးလူကောင်းဆန်ပေးပါ"
နူးညံ့သောနှုတ်ခမ်းလွှာကပွင့်ထွက်လာသော လေသံမာမာလေး။ မျက်မှောင်ကြုတ်ထားသဖြင့်တွန့်ကွေးနေသောမျက်ခုံးတန်းလေး၊ဒေါသကြောင့်ရဲနေသောမျက်နှာပြင်နုနု၊ စူးရဲစွာကြည့်နေသောမျက်လုံးတစ်စုံ အားရူးပြီ Jeon Jungkookတို့ဆေးမမှီနိုင်သည်အထိရူးပြီ။ ဘာကြောင့်ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲKim ရယ်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now