Part-3

901 88 1
                                    

မောင်နဲ့အဆင်ပြေပြီးတဲ့နောက်ပိုင်းထယ်ယောင်း‌အတွက်တော့ပျော်စရာတွေပင်..အခုလဲမောင့်စီဟင်းသွားပို့ရမယ်...မောင်ကဟင်းချက်တတ်တာမဟုတ်ဘူးဖြစ်သလိုစားတတ်တဲ့အကျင့်ကိုသိတာမို့ပြီးတော့တစ်ယောက်ထဲနေတာဆိုတော့ပိုဆိုးမှာ

"ဟဲ့..သားဒါဘယ်သွားမလို့လဲလက်ထဲမှာလဲဘာတွေလဲခုနကပဲဗိုက်အောင့်တယ်လို့အော်နေပြီး"

"အယ်..ဘာမှမဟုတ်ပါဘူးအမေရဲ့ဟီး..ဟိုနားဒီနားပေါ့ပြန်လာခဲ့မယ်"

"အေးပါမိုးတော့မချုပ်စေနဲ့နော်စောစောပြန်လာခဲ့"

"ဟုတ်ပြီအမေရေသားသွားပြီနော်တာ့တာ"

ခြေလှမ်းတွေကမောင့်စီသွားရမှာမို့တတ်ကြွနေပုံများမနက်ကဗိုက်အောင့်တာတောင်သတိမထားမိတော့..

"အိမ်ရှင်တို့ ဗျို့!!အိမ်ရှင်တို့"

"ဟောဗျာ..ဒါလေးကဘာလာလုပ်တာလဲကိုယ့်ယောကျားကိုခေါ်တာတောင်အိမ်ရှင်တို့တဲ့့"

"အယ်မယ်သူ့အတွက်စေတနာနဲ့ဟင်းလဲလာပို့ပေးရသေးလူကိုများအဲ့တာဆိုလဲပြန်ပြီ"

ထယ်ကတကယ့်အဆိုးလေးအခုလဲကြည့်နှုတ်ခမ်းကလမ်းပေါ်ရောက်နေပြီ

"ထယ့်ရဲ့နှုတ်ခမ်းကဟိုးကားလမ်းပေါ်ရောက်နေပြီ"

"မောင်နော်အိမ်ထဲခေါ်မသွင်းတော့ဘူးလားဒီတိုင်းစနေတော့မှာလား"

"ဟားးမောင်ကစတာပါကွာ လာလာအိမ်ထဲကို"

အိမ်ထဲ၀င်သွားတာတောင်မျက်စောင်းကထိုးသွားသေးတကယ့်ကိုဘယ်လိုဟာလေးလဲမသိပါဘူး

"မောင် တစ်ခါထဲစားတော့မလား ထယ် ပြင်လိုက်တော့မယ်"

"အင်း..ဗိုက်ဆာလို့ခုနကခေါက်ဆွဲပြုတ်ဖို့တောင်လုပ်နေတာထယ်ရောက်လာလို့"

"သိသားပဲဖြစ်သလိုစားတတ်တဲ့မင်းအကျင့်ကိုနောက်တစ်ခါထယ်ပဲဟင်းလာပို့ပေးမယ်"

"အလုပ်ရှုပ်ပါတယ်ထယ်ရယ်မောင်ကဒီတိုင်းစားလဲအဆင်ပြေတာကို"

"မောင်ပြေတယ်ဆိုရင်တောင်ထယ်ကတော့မပြေဘူးလာပို့မှာ"

"‌ပြောမရလဲသဘောပါ..ဒါနဲ့ထယ်ပါတစ်ခါထဲ၀င်စားလေ"

"အိုခီ"

လုပ်ပြနေပုံလေးကတကယ့်အသဲယားစရာမတွေ့ဖြစ်တဲ့အချိန်အတွင်းထယ်ကသူ့အပေါ်အရမ်းချွဲတတ်လာတာပဲ..
နှစ်ယောက်သားထမင်းအတူစားနေရင်းစကားစမိတော့

"ထယ်...‌မောင်တို့အတူပြန်နေကြရအောင်ဒီတိုက်ခန်းမှာပဲထယ်လာနေလေ ထယ့်အမေကိုလိုက်ပြောကြမယ်.."

"အင်း..ဒါပေမယ့်ဖြစ်ပါ့မလားမောင့်အမေနဲ့အဆင်မပြေရင်ရော"

"မောင်..ဒီကိုလာနေတာမောင့်ရဲ့အမေတောင်မသိဘူးထယ်ရဲ့ပြီးတော့သူလဲအရင်လိုမဟုတ်တော့ပါဘူး"

"အင်းပါ..မောင့်သဘောပဲ"

"ထယ်ပန်းကန်တွေမဆေးနဲ့မောင်ဆေးမယ်"

ပန်းကန်းတွေဆေးကြောနေတော့နောက်ကနေခါးကိုလာဖက်တဲ့ထယ်..ပုခုံးပေါ်မှီထားတဲ့ခေါင်းလေးကိုခပ်ဖွဖွနမ်းရင်း

"အော..ဒါနဲ့ထယ် မောင်ကဒီနေ့ပိတ်ရက်ဆိုတော့ထယ်တစ်ခုခုသွားချင်တာရှိလားလိုက်ပို့ပေးမယ်လေ"

"ဟင့်အင်းမသွားတော့ဘူး..ဗိုက်နဲနဲအောင့်နေလို့နောက်အပတ်မှပေါ့"

"ဟမ်..ဟုတ်လားဆေးကောသောက်ထားလားဆေးခန်းသွားမလား"

"သောက်ထားပါတယ်စိတ်မပူနဲ့အခုကသက်သာနေလို့မောင့်စီလာတာလေမောင်နဲ့ခနလောက်ဖြစ် ဖြစ်ဖက်ထားချင်လို့"

"ဟုတ်ပါပြီဗျာ..အိမ်မှာပဲနေကြမယ်ဒီနေ့တော့အခုတော့ခွေးပေါက်လေးလိုကပ်မနေပဲဟိုမှာသွားထိုင်စောင့်နေမောင်လာခဲ့မယ်"

"အိုခေပါအခုတော့နှင်ထုတ်ပြီပေါ့ရပါတယ်မောင်လူဆိုး"

ကျန်ခဲ့တဲ့ဂျောင်ကုတစ်ယောက်ပြုံးရင်းခေါင်းသာခါနေတော့သည်။

ပန်းကန်တွေအကုန်ဆေးကြောပြီးတော့ဆိုဖာပေါ်ထိုင်နေတဲ့ထယ့်ကိုကြည့်တော့ငုတ်တုတ်လေးအိပ်ငိုက်နေတာ...
ဖြေးဖြေးချင်းချီကာအခန်းထဲမှာထယ့်ကိုသိပ်ထားလိုက်ပြီးရုံးကစာရင်းတွေပြန်လုပ်နေရင်းစဉ်းစားမိတာက..

သူမရှိတဲ့အတောတွင်းထယ်ယောင်းသိပ်ပင်းပန်းခဲ့မှာပဲ..စိတ်ချပါအခုမောင်ထယ့်အနားကိုပြန်လာပြီမို့အရင်ကထက်ပိုဂရုစိုက်ပေးပါ့မယ်။

MGWhere stories live. Discover now