Part_2

1K 108 0
                                    


ထယ့်ကိုနှုတ်ဆက်ပြီးအိမ်ရှေ့မှာအသင့်စောင့်နေသောကားပေါ်သို့အမြန်တတ်လိုက်သည်
တကယ်တော့ရေတော်တော်ပူနေပြီအမေသက်သာပါ့မလားတွေးရင်အိမ်ရှေ့ရောက်လို့ရောက်မှန်းမသိ
ဟင်..ဒါပေမယ့်ဆေးရုံဆို..

"ဦးလေးဆေးရုံကိုမသွားဘူးလား"

"အိမ်ထဲမှာမင်းအမေက"

"ဟမ်!!"

ကားပေါ်ကအမြန်ဆင်းပြီးအိမ်ထဲ၀င်လိုက်တော့ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်နေတဲ့အမေ..
ပြောတော့နေမကောင်းဘူးဆို

"အမေ!!ဒါကဘာလဲဦးလေးပြောတော့
အမေဆေးရုံတတ်နေရတာဆို"

"အဟက်!!ဂျွန်ဂျောင်ကုငါ့သားလေးရယ်တုံးလိုက်တာလွန်ပါရောအမေကဘာမှမဖြစ်လို့အခုအိမ်မှာထိုင်နေတာပေါ့သားရဲ့"

ဂျောင်ကုအမေ့ကိုမယုံနိုင်စွာကြည့်မိသည်ဘာလို့ဒီလိုလုပ်ခဲ့လဲဆိုတာနားမလည်

"အော်...အမေတို့ကသားကိုလိမ်ပြီးခေါ်တာပေါ့..
ရတယ်သားပြန်တော့မယ်အမေအဆင်ပြေရင်ပြီးရော"

ထွက်သွားဖို့ပြင်တဲ့ဂျောင်ကုကိုအမေက

"ဟဲ့သားရပ်စမ်း!!
အကိုတံခါးတွေအကုန်ပိတ်ခြံထဲမှာအစောင့်တွေချထားလိုက်သူ့ကိုအပြင်တစ်ဖဝါးမှမရောက်စေနဲ့"

"‌အမေဒါကတော့လွန်နေပြီမထင်ဘူးလား..
သားကိုဘယ်ချိန်ထိချုပ်နှောင်နေအုံးမှာလဲ
သားလဲသားဘ၀နဲ့သားနေပါရစေ.."

"မရဘူးမနေနဲ့!!မင်းမနက်ဖြန်မနက်ကျရင်အီတလီကိုသွားရမယ်"

"ဟာ..ဘာလဲဟိုမှာထယ်ကတစ်ယောက်ထဲကျန်ခဲ့တာအမေရဲ့..နေမကောင်းဘူးသိရဲ့လားသားတောင်းပန်ပါတယ်သားကိုသွားခွင့်ပြုပါအမေရယ်"

"ဂျွန်ဂျောင်ကု!!ငါကနင့်ကိုမွေးထားတဲ့အမေငါ့ကိုလာမပုန်ကန်နဲ့နင်နဲ့နင့်အကောင်တစ်နှစ်ကျော်ညားပြီးပြီလေတော်ရောပေါ့ဘာဖြစ်နေတာလဲ"

"အမေစကားကိုအဲ့လိုအပြောနဲ့ထယ်ယောင်းနဲ့သားကတရား၀င်လက်ထပ်ထားတာ"

"အဲ့တရား၀င်လက်ထပ်ထားတဲ့သူကနင့်ရဲ့မျိုးဆက်ကိုမွေးပေးနိုင်မှာဟုတ်လို့လား..တော်စမ်းပါအရူးထနေတာတွေတော်တော့ နင့်ကိုတစ်နှစ်ကျော်လွှတ်ထားပေးပြီသွားပြီတော်လောက်ပြီငါ့ဆုံးဖြတ်ကိုလက်ခံဖို့အချိန်ကြပြီ"

MGजहाँ कहानियाँ रहती हैं। अभी खोजें