" လင်း "
မိုး ငိုနေတာကိုရပ်ပြီး လင်းကို ကြည့်လိုက်ချိန်မှာ ဖြူကို စိတ်ပူ မှုတွေ အပြည့်နဲ့ လင်းငိုတာကိုလည်း တစ်ခါမှမတွေ့ဖူးလို့ အခုလိုကျ အြံသမိသည်။ လင်းရဲ့ ဒီတစ်ခေါက် ဆိုတဲ့ စကားကြောင့် "

" ကလေးနဲ့ လင်းက အစောတည်းကသိနေတာလား "

" သိတယ်ဆိုတာထက် ပိုပါတယ် မိုး "

ဆရာဝန်ကြီးရောက်လာလို့ စကားဖြတ်လိုက်ရပေမယ့် မိုး အတွေး မျိုးစုံနဲ့ ဖြစ်နေသည်။
ဆရာဝန်ကြီးက လိုအပ်တာတွေပေးပြီး

" ကလေးက ခဏနေ နိုးလာမှာပါ ဆေးအရှိန်ကြောင့် အိပ်ပျော်နေတာ ခေါင်းကတော့ အတွင်းထိ မနက်လို့တော်သေးတယ် ဆေးစစ်ချက်အရ သူက နှလုံးသိပ်မကောင်းဘူး ဂရုစိုက်ကြပါ အမေဖြစ်သူက ပိြုပီးကလေးကို စိတ်ချမ်းသာအောင်ထားပေးပါ နှလုံးအတွက်ဆေးပါ တစ်ခါတည်း တွဲပေးထားမယ် "

လင်းက ဆရာဝန်ကြီးရဲ့စကားတွေကိုသေချာ နားထောင်ပြီး ဆရာဝန်ကြီးကနေ အမေဖြစ်သူလို့ ပြေါလိုက်ပေမယ့် လင်း ပြန်မရှင်းပြပဲလက်ခံလိုက်သည်။

" ကလေးက လင်းနဲ့ ဘယ်လိုပတ်သက်တာလဲ လင်းနဲ့အကြောင်းလဲ တစ်ခါမှ မပြေါပြဘူးပါလား "
ဖြူ ဆံပင်လေးကို သပ်ပေးရင်း မိုး တွေးနေမိသည်။

" လင်း ကလေးအခြေအနေကဘယ်လိုလဲ "

" ဆရာဝန်ကြီးကတော့ ခဏနေ နိုးလာမယ်ပြေါတယ် လိုအပ်တဲ့ဆေးတွေပေးထားတယ် "
နှလုံးမကောင်းတာကိုတော့ မိုး စိတ်မကောင်းဖြစ်မှာစိုးလို့ လင်း မပြေါလိုက်တော့ပါ ။

" လင်း ကလေးတွက် လိုအပ်တဲ့ ပစ်စည်းတွေသွား ဝယ်လိုက်မယ် မိုး ကလေးနဲ့ အတုူ ခဏစောင့်ပေးပါနော် "

" ရတယ် လင်း မိုး ဒီည ကလေးနဲ့ပဲအိပ်တော့မယ် "
  x x x x x x x

ကုတင်ပေါ်လက်လေး တင်ကာ အိပ်နေတဲ့ မိုးကို ဖြူ ကြည့်နေလျက်
" ဖြူ ဆရာမကို အရမ်း ချစ်မိနေပြီ မဖြစ်နိုင်တဲ့ လမ်းကို ဖြူလျှောက်လှမ်းချင်နေမြိပီ  ဆရာနဲ့တပည့် စည်းတွေကိုလည်း ကျော်ဖြတ်ချင်နေမြိပီ ဆရာမ မုန်းသွားမှာလည်း ဖြူ စိုးရိမ်တယ် "
" ဆရာမ မမုန်းပါဘူး "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now