အော်မာ...သူက ဘာထူးလို့လဲ လူကို တောသားတဲ့ ဟွန့်။ မ,သိရင် မေး မ,စင်ရင် ဆေးတဲ့။ မသိလို့မေးတာ ဘာထ ဖြစ်နေတာလဲ ငနာ...အဆောင်ရောက်မှ ကုတ်ဆွဲပစ်မယ်နေစမ်း...

" ကာင်းကောင်း..အလယ်က လူက Jackson လို့ခေါ်တဲ့ ကိုရဲရင့်ဟန်သာတဲ့  HANTHAR GROUP ရဲ့သားငယ်။ နာမည်ကြီး HANTHAR GROUP က တို့နိုင်ငံမှာ ထိပ်တန်းစာရင်းဝင် ..ကြားဖူးတယ်မဟုတ်လား။အဲ့အစ်ကို ကဒီမှာမနေဘူး သူ့အမေ အမျိုးတွေရှိတဲ့ ကိုရီယားမှာနေနေတာလေ...ဒီရောက်တာမကြာသေးဘူးဆိုလားပဲ...သူ့သူငယ်ချင်းတွေက တို့ သချာ်မေဂျာရဲ့ စီနီယာတွေလေ။ ဘေးက အစ်ကိုနှစ်ယောက်က ကိုဝေယံထက်ပိုင်နှင့် ကိုကျော်သက်ကို တဲ့ တောင်ဘက်အစွန်က ကိုသက်ကိုက အပါးတို့မိတ်ဆွေသားလေ ။ ကိုသက်ကိုအိမ်ကိုတော့ရောက်ဖူးတယ်..စိန်ထည် ၊ရွှေထည် တွေကို သူတို့ဆီကနေ ငါတို့က ပြန်ယူကြတာ။ ကိုဝေယံထက်ပိုင် မိဘတွေက ဆရာဝန်မျိုးရိုးဆိုလား..ကြားမိတာပဲ။ ကိုရဲရင့်အကြောင်းကိုတော့ ကျောင်းမှာ စီနီယာ အစ်မတွေ နားနဲ့မဆံ့အောင် ပြောနေကြလို့ ကြားမိတာ"

"အယ်..ခွေးကောင် မသိဘူးဆို စောစောနက ....ခုကျ အကုန်သိနေပါ့ရော်ဟယ်..အံ့ဩမိတာရော်"

လက်တခါခါ ခေါင်းတခါခါနဲ့ နယ်ကအသုံးအနူန်းတိုင်း စိတ်ထဲအတိုင်း ပြောချနေတာ ..အေးကြရော...

" ဟာ..ဟိတ် ..ဘယ်လိုတွေပြောနေတာလဲ ...အဆောင်မဟုတ်ဘူးလေ.."

နယ်မှာပြောနေကြ အသုံးအနူန်းအတိုင်း အဆောင်မှာ ပြောကြတယ်လေ။နယ်မှာက သူသူငါငါ ပြောနေကြ " အယ် ..အိုကွယ်...ရော် ...လွတ် ...မလေး.....ဖိုးသား...." စကားလုံးအသုံးအနူန်းက ပြောနေကြ။ ကျွန်တော်တို့ ဒေသအသံထွက် နောက်သံ ခပ်ဝဲဝဲနဲ့ ပြောနေကြ ဓလေ့ က ချစ်စရာဗျ။ အများရှေ့ကြ ဆင်ခြင်ကြတာပေါ့ လူရယ်စရာဖြစ်နေပါ့မယ်။ ကောင်းကောင်းက အဲ့အတိုင်းပဲ ပြောချင်ရင် ဘေးမကြည့်နံမကြည့်..စိတ်ထဲရှိရာပြောနေတော့တာပဲ။ ခေါင်းခါ၍သာပြောမိတယ်..တကယ့်ကောင် ငကောင်း...

" အယ်..စောတီး"
"ဟိတ်ကောင်...ငါနော် ..ငါ"

" နေစမ်းပါ့ရော် ..သူတို့က လူချမ်းသာသားတွေနော်...မိုက်လိုက်တာ လူကလည်းချော ငွေကလည်းရှိ.."
"အားကျနေရင် ..မင်းဘေးကကိုလူချော ငါ့ကို တွဲကြည့်မလား ...ဟားးး"

ချစ်ခြင်းတို့အလွန် जहाँ कहानियाँ रहती हैं। अभी खोजें