ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသောသမီးငယ်လေးအား ကြည့်ကာ  မနှိုးရက်တော့ပဲ အခန်းထဲက ပြန်ထွက်ရန် ပြင်လိုက်သည်။
အခန်းထဲကို လူဝင်လာကထဲက အသိစိတ်ဝင်ကာနှိုးနေသောရှင်းဝေ့ပိုင် ရုတ်တရက်ထကာ ခေါ်လိုက်သည်။

"မေမေ..."

" သမီး ပိုင်အာ နိုးပြီလား..အိပ်ရေးဝရဲ့လား..မေမေဝင်လာလို့လား.. မေမေက အောက်မှာ ထမင်းစားဖို့ လာခေါ်တာပါ..သမီးမစားချင်ရင်  အခန်းထဲကိုပြင်လာပေးမယ်လေ.."

မူလပိုင်ရှင်သည် မိသားစုနဲ့တခါမှနွေးနွေးထွေးထွေး မနေပေ။ သူမဘာသာတသီးတသန့်နေလေ့ရှိသည်။ လိုချင်တာရှိရင် ပြောရုံကလွဲ၍ ကျန်တာဘာမှစိတ်မဝင်စားချေ။ မိသားစုနဲ့အတူရှိဖို့ပြောတိုင်း ဒေါသတကြီးအမြဲဖြစ်တတ်သဖြင့် တအိမ်လုံးက သူမစိတ်တိုင်းကျသာ အမြဲလုပ်ပေးလေ့ရှိသည်။
ပြီးတော့  သူမအခန်းထဲကို  ဘယ်သူမှဝင်တာမကြိုက်ပေ။ အခန်းသန့်ရှင်းရေးလုပ်တဲ့အချိန်ကလွဲရင် ဘယ်သူမှမဝင်ရဲ။ အဝတ်အစားလျှော်ဖို့တောင် ခြင်းတောင်းဖြင့်အပြင်မှာထုတ်ထားပေးသည်။

ဒါကြောင့် ယွဲ့ယင်းဝေ  သတိထားကာ မေးလိုက်ခြင်းဖြစ်သည်။ ဒဏ်ရာကြောင့် စိတ်ပူရပေမဲ့  သူမ့သမီးရဲ့စိတ်အခြေအနေက ပိုအရေးကြီးလေသည်။သမီးဖြစ်သူ၏အနက်ရောင်ဆံနွယ်လေးက သူမရဲ့မျက်နှာပေါ်မှာ ကပိုကရိုကျနေပုံမှာ ချစ်စရာကောင်းလှသည်။ သပ်တင်ပေးချင်ပေမဲ့ ရှင်းဝေ့ပိုင်က  သူမကို ထိတာလုံးဝမကြိုက်ချေ။

" သမီး  မေမေတိုနဲ့ ထမင်းအတူစားမယ်..."

"ဟင်...  တကယ်လားသမီး...  ဒါဆို မျက်နှာလေးသစ်ပြီး ဆင်းလာခဲ့နော်... အမေ သမီးကြိုက်တာလေးတွေထပ်ချက်ဖို့ အန်တီဝမ်ကိုပြောလိုက်မယ်.."

ယွဲ့ယင်းဝေ သမီးဖြစ်သူ၏စကားကြောင့် အပျော်လုံးဆို့ကာ  အခန်းထဲမှ ထွက်လာခဲ့သည်။  ​လှေကားရင်းတွင် စိုးရိမ်တကြီးစောင့်နေသောခင်ပွန်းဖြစ်သူနဲ့သားဖြစ်သူသည်  ယွဲ့ယင်းဝေ ပျော်လာတာကိုတွေ့ပြီး  အလောတကြီးမေးလိုက်သည်။

"မိန်းမ.. ဘာဖြစ်လို့လဲ..ပိုင်အာကဘာပြောလိုက်လဲ?.."

" ပိုင်အာက ကျမတို့နဲ့အတူထမင်းစားမယ်တဲ့...ကျမ သူကြိုက်တာလေးထပ်ချက်ဖို့ အန်တီဝမ်ကိုပြောလိုက်ဦးမယ်.."

ရှင်းကျန့်နဲ့ရှင်းဖေးပိုင်တို့ အနည်းငယ်ဆွံ့အသွားသည်။  သူတို့ရဲ့ရေခဲမီးတောက်လေးက  တကယ်ကြီး ပြောလိုက်တာလား?..။
(W/ဝေ့ပိုင်က ရေခဲလိုအေးစက်ပြီးမီးတောက်လိုဒေါသကြီးပူလောင်တတ်လို့ပါ..မမလေးရဲ့ဂုဏ်ပုဒ်တွေ🥴)

ရှင်း​ဝေ့ပိုင် ယွဲ့ယင်းဝေအခန်းထဲက ထွက်သွားပြီးနောက် ကုတင်ပေါ်မှထကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ဘေစင်မှန်မှာ မြင်လိုက်ရတဲ့သူမရဲ့ပုံစံကြောင့်  အကြီးအကျယ်ရှော့ရသွားသည်။ အနက်ရောင်ဆံပင်ကို အကြေကောက်ပုံစံတဝက်ကောက်ကာ မျက်လုံးကိုလဲ အမဲရောင်တောက်ပနေပြီး နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးထားသည်။ (W/အရမ်းတွေကိုလှနေတာပါ😆)

မျက်နှာအားပြောင်စင်အောင်သစ်ပလိုက်ပြီးတော့  အောက်ထပ်သို့ဆင်းလာခဲ့သည်။
ထမင်းစားဝိုင်းတွင် သူမကို စောင့်ဆိုင်းနေသော မိသားစုဝင်များကိုတွေ့ရသည်။ သက်လတ်ပိုင်းလူကြီးတယောက်နဲ့အတူ ယွဲ့ယင်းဝေက စားပွဲတဖက်ခြမ်းမှာ အတူထိုင်နေသည်။ အသက် ၂၀ ကျော်ခန့်လူငယ်တယောက်က မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်နေသည်။
သူမကို မြင်လိုက်တော့ လူငယ်က ချက်ချင်းထလာကာ ကူတွဲလေသည်။ သူမရဲ့အသိဉာဏ်အရ ယွဲ့ယင်းဝေဘေးကလူမှာ သူမရဲ့ဖခင်ရှင်းကျန့်ဟုသိလိုက်ပြီး လူငယ်မှာ သူမ့အကို ရှင်းဖေးပိုင် ဆိုတာ သိလိုက်သည်။

#ဖတ်လို့ကောင်းကြရဲ့လား...နားမလည်တာမျိုးရှိရင်ပြောပါနော်.. ကိုယ် တတ်နိုင်သလောက် ပိုပြီးမြင်သာအောင်ရေးပေးပါ့မယ်.. ဖတ်ပေးကြတဲ့သဲလေးတို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်.အိုက်နီပါ❤🙆🏻

အများကြီးကြိုးစားရဦးမည့်
   #DZ
10.5.2022(2:21pm)

ကူးပြောင်းလာပြီးနောက်  ငါလေးက စောက်ရမ်းမိုက်လာတယ်Where stories live. Discover now