ဇာတ်လိုက်ကုကျန်းယန်သည် ကျောင်းမှာထိပ်တန်းအဆင့်ပထမဖြစ်သလို ရှင်းဝေ့ပိုင်ကလဲ အညံ့ကြီးတော့မဟုတ်ပါ။ သူမလေးရဲ့အခန်းမှာ အဆင့်တဆယ်အတွင်းဝင်ပြီး အနည်းငယ်ထူးချွန်သောလူနည်းစုထဲတွင်ပါဝင်လေသည်။သူမတို့တက်​ေနတဲ့အထက်တန်းကျောင်းဟာ Yမြို့တော်မှာ အထူးချွန်ဆုံးကျောင်းသားတွေသာဝင်ခွင့်ရှိသောကျောင်းဖြစ်သည်။ ဒါပေမဲ့ မိသားစုနောက်ခံကလဲ မပါမဖြစ်အရေးကြီးသေးသည်။

ဇာတ်လိုက်မလင်ရှိုးယွမ်ကတော့ စကော်လာရှစ်နဲ့ထောက်ပံ့ကြေးယူကာ ကျောင်းလာတက်တဲ့ရိုးသားဖြူစင်ပြီးဆင်းရဲတဲ့ကောင်မလေးဖြစ်တယ်။ ဒါပေါ့... ဒါမှ ဇာတ်လိုက်တွေက မဟားတရားသနားပြီး ကူညီဖေးမချစ်ကျွမ်းဝင်ကုန်ကြမှာလေ။ (W//ကမ္ဘာနွားကြီးများအဖွဲ့ဖြစ်လာတော့ပေါ့ကွယ်💁🏻)

ဇာတ်လိုက်နဲ့ဇာတ်လိုက်မက အခုချိန်မှာ သာမန်အတန်းဖော်အဆင့်သာရှိသေးသည်။ ဒါပေမဲ့ မကြာခင်ကျင်းပမဲ့ကျောင်းတွင်းအားကစားပြိုင်ပွဲမှာ ပြသာနာကစတက်မှာဖြစ်သည်။ မူလဇာတ်ကြောင်းတွင် အမြှောက်စာလေးရှင်းဝေ့ပိုင်က နတ်ဘုရားကုကို  ရေဘူးပေးရန် တခြားကောင်မလေးတွေနဲ့အတူရပ်နေရင်း တစုံတယောက်ရဲ့တွန်းလိုက်မှုကြောင့် ဇာတ်လိုက်မလင်ရှိုးယွမ်ကို  ဝင်တိုက်လိုက်မိသည်။

ဇာတ်လိုက်မရဲ့သရုပ်ဆောင်မှုအောက်မှာ ရှင်းဝေ့ပိုင်က  မနာလိုစိတ်ကြီးမားတဲ့မိန်းမတယောက်ဖြစ်သွားပြီး   ဇာတ်လိုက်မကို လာကူညီတဲ့ဇာတ်လိုက်သုံးယောက်ရဲ့မျက်စောင်းထိုးမှုကိုအစစ်ရလိုက်သည်။ဲရှင်းဝေ့ပိုင် ဇာတ်ကြောင်းကိုတွေးရင်း အနည်းငယ်စိတ်သက်သာရာရသွားသည်။ တော်သေးပါရဲ့  ဘုရားသိကြားမပြီး ဇာတ်လိုက်မကို အနိုင်မကျင့်ထားရသေးလို့။

သူမ ကူးပြောင်းလာချိန်က အလယ်အလတ်အချိန်ကောင်းလို့ပြောရပေမည်။ ပုံမှန်စာအုပ်တွင် အပိုင်း၁၀၀ရှိတဲ့နေရာမှာ  လေးပိုင်းလောက်သာသာမှာပြောင်းလာတာလေ။ (W/အေးလေ အဲ့မှာတန်းသေပြီး ေနာက်ပိုင်းနင်မှမပါတော့တာ🙂)
----------------
ကွန်ပြူတာအားပိတ်ကာ အိပ်ရာပေါ်မှာသက်သက်သာသာပြန်လှဲအိပ်နေလိုက်သည်။ညနေစာစားချိန်တွင် ယွဲ့ယင်းဝေသည် ရှင်းဝေ့ပိုင်အား နှုိးရန် အခန်းထဲသို့ ဝင်လာခဲ့သည်။

ကူးပြောင်းလာပြီးနောက်  ငါလေးက စောက်ရမ်းမိုက်လာတယ်Where stories live. Discover now