EPISODE - 29

1.4K 103 12
                                    

#Z

မွေးနေ့ပွဲအပြီး နောက်နေ့မှာတော့ ဂျောင်ဂုလေး
စိတ်ဆိုးနေရပါသည်။ အကြောင်းကား သူ့ရဲ့ပန်းချီ
ပြန်ခန်းလေး၌ နောက်ဆွဲတဲ့ ပန်းချီကားလေးဟာ
ယနေ့မှာ တင်ပြမည်ဖြစ်တာကြောင့် မိသားစုအားလုံးကို ဖိတ်ထားတဲ့အပြင် အပြင်လူများပါ သူ၏ ပန်းချီခန်းလေးအား ကြည့်ရှု
ရန် ဖွင့်ထားခြင်းဖြစ်သည်။ သိုပေမဲ့ သူ၏ ကိုကိုဟာ ရောက်မလာသေးပါ။ ဘာဖြစ်နေလဲဆိုတာလည်း သေချာမပြောပြပေ။ ဖုန်းဆက်တော့လည်း မကိုင်ပါ။ ဒါကြောင့် ဂျွန်ဂျောင်ဂုတို့ ဒေါသပုန် ထနေပါသည်လေ။ မည်သူတစ်ဦးတစ်ယောက်မျှ ကပ်၍ မရပါ။ မိဘတွေတောင် သူ့အကြောင်းသိလို့ လွှတ်ထားပါသည်လေ။

" ဂါးး!!! ကင်မ်ထယ်ယောင်း!! ဘာလုပ်နေလဲ...မသိဘူး။ ဒီလူ!! လာမှ ရိုက်ပြစ်
ဦးမယ်။ "
.
.
.
.
.
တကယ်တော့ တစ်ဖက်က ကင်မ်ထယ်ယောင်း
လေးဟာ  ဒုက္ခရောက်နေသည်လေ။
အကြောင်းကား ကလေးငယ်ရဲ့ ပန်းချီပြပွဲနေ့ကို သွားရမည်ကို ချက်ချင်းကြီးကားပျက်လို့ ဒေါသထွက်နေရသည်။ တဖန် သူ့အတွင်းရေးမှူး
ကောင်လေးဟာ ဖုန်းမကိုင်တာကြောင့် ပိုလို့ပင်
ဒေါသထွက်ရသည်။ လက်ကလည်း နှင်းဆီဖြူပန်းစည်းအားကိုင်ကာ ဟိုလျှောက်ဒီလျှောက်နဲ့ပင် ရှုပ်နေရသည်။
Taxiတွေကြည့်တော့လည်း တစ်စီးမှမအားနဲ့
အဆူခံရမှာတော့ သေချာနေပါပြီ
ကင်မ်ထယ်ယောင်းရယ်!!

" ကျစ်!! ဒီကားကကွာ အခုမှ လာပြီး!! ဒေါသထွက်
လာပြီ။ Busကားလည်း စီးလို့မရနဲ့!!! ဖုန်းဆက်ရ
မယ်!! "

" အာ....ကျစ်!!! Batteryလည်းကုန်နေလိုက်တော့ "

အကြံဥာဏ်ကုန်နေပါပြီဖြစ်သော်လည်း
အတွေးတွေနဲ့ဒေါသတွေကိုလျှော့ချလျက်
လမ်းကိုခပ်သွက်သွက်လေးလျှောက်ရင်းသာ
သူ့ကလေးငယ်ရှီ ဦးတည်လာရတော့သည်။

" ထယ်ယောင်း! ညီလေး...ဘယ်သွားမို့လဲ!! "

ထိုအချိန် ရေငတ်နေသူထယ်ယောင်းကတော့
ရေအိုင်ဖြစ်တဲ့ သူ့အကိုယောင်းအင်းကိုတွေ့သွား
နှင့် တစ်ပြိုင်နက် ကားပေါ်ပြေးတက်သည်။

" VJeon ပန်းချြီပပွဲကို မောင်းပေးပါ Hyung! "

" အော်..အေးအေး..ငါလည်း အဲ့သွားမှာပဲ "

Poison ( Completed )Where stories live. Discover now