#Z
မအိပ်ချင်သေးတော့ စာလုပ်နေတဲ့ ကုကီးလေး။
သူမနက်ကျအပြင်သွားဖို့ အကိုယောင်းကို အတူခေါ်ရမည်လေ။ဒါကြောင့် အကိုယောင်းအား
အပူကပ်ရန်ကြိုးစားမည်ဆိုရင်း ဖုန်းဆက်လိုက်
သည်။Phone ringtone ~
ဟမ်?
ယောင်းဝူပျော်သွားမိသည်။အရင်ကဆို သူဘက်ကပဲ
ဖုန်းဆက်နေရတာ ။အခုကျ ကုကီးဘက်ကခေါ်တော့
ပြုံးမိသည်။"Hello ကုကီး "
"အကိုယောင်း..."
"ဗျ "
"မနက်ကျ အားလား။"
ကုကီးဘက်က ထွက်လာမည်စကားကိုသိချင်၍
ယောင်းဝူ စလိုက်တော့သည်။"ဟင့်အင်း။အကို မအားဘူး။ "
"ဟာဗျာ ...ဒါဆိုသွားပြီပေါ့ဗျာ။ "
ကျနော်စလိုက်တော့ သူ့ဘက်က ဟာဗျာဆိုတဲ့
စိတ်ညစ်စွာ ပြောလိုက်တဲ့အသံလေး ကြားလိုက်သည်။ဒီကောင်လေးက တကယ့်ကို ချစ်စရာလေးကွာ။
"ဟဟ..စတာပါဗျာ။ကုကီးက ဘယ်သွားချင်လဲ။ "
"မနက်ဖြန် ကျနော်လေ mallတစ်ခုမှာ ပစ္စည်းသွား
ဝယ်မို့လေ၊အဲ့ဒါ သူငယ်ချင်းက မရှိတော့ အကိုယောင်းပဲရှိတာလေနော် ။အကိုက ကျနော့်သူ
ငယ်ချင်းလေ ။ ""ဟဟ..ဟုတ်ပါပြီ။ မနက်ကျ ဘယ်အချိန်လာရမလဲ။ "
"ဟာ..ရပါ့မလားဗျ။ "
"ရတာပေါ့ကွ။ ကိုယ်စောစောထွက်ခဲ့မယ်လေ။ "
"ဒါဆို 9နာရီလောက်? ဟီး "
"ဟော..အဲ့အချိန်မှ ဘာသွားလုပ်မှာလဲပြော။
"ကျနော်က အမြဲနောက်ကျတာသိရက်နဲ့ စနေပြန်ပြီ။"
"ဟဟ..ဟုတ်ပြီ။ကိုယ်လာခေါ်မယ် 8ခွဲနော်။ "
"အင်းပါ။အဲ့လိုပဲလုပ်လိုက်တော့။ "
ဆိုရင်း ဖုန်းကိုချသွားသည်။
ဘယ်လိုကောင်လေးလဲကွာ။
အရမ်းကိုပြုစားလွန်းတယ် ။
မင်းကအဲ့လိုပြုစားလိုက်ရင် ဒီကမနေတက်ဘူးကွာ။
အပိုင်ဖြစ်ဖို့တောင် မြန်"ကြိုးစားရမယ်။
YOU ARE READING
Poison ( Completed )
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကိုရယ်! ငယ်ရွယ်တဲ့အချစ်မလို့ ပြက်ရယ်မပြု လိုက်ပါနဲ့ဗျာ....။ ကိုကိုရယ်! ငယ်ရွယ်တဲ့အချစ်မလို့ ပြက်ရယ်မပြု လိုက်ပါနဲ့ဗျာ....။