မျက်စိရှေ့တွင်ခြေချိတ်ကာထိုင်နေသောKimအားစူးစိုက်ကြည့်နေမိသည်။မျက်ဝန်းများကတစ်နေရာအားငေးကာအတွေးလွန်နေပုံရသောKimသည်အဝေးကကြည့်ရုံဖြင့်တောင်ထူထက်သောမျက်တောင်စင်းစင်းလေးများမြင်နေရပြန်သည်။မျက်လုံးအောက်ကမှဲ့နက်ကလေးသည်Kim၏မျက်လုံးတစ်စုံအားပို၍လှပအောင်ပံ့ပိုးပေးနေသယောင်၊ထင်းလျက်ရှိသောနှာတံစင်းစင်းလေးကမှဲ့အညိုလေးဖြင့်အဆုံးသတ်၏ ။ ကကြီးပုံသဏ္ဌာန်နှုတ်ခမ်းပါကရယ်လိုက်လျှက်ဘယ်လိုများဖြစ်လာမည်နည်း။ စွဲလမ်းမှုအားသိရှိအောင်Kimကသင်ပေးခဲ့သည်ပဲ၊ ဒါပေမဲ့ဖွင့်ပြောဦးမည်တော့မဟုတ်။Kimလိုမာနနတ်ဘုရားတစ်ပါးကယောင်္ကျားလေးတစ်ယောက်ကသာသူ့ကိုချစ်ကျွမ်းဝင်နေမှန်းသိရှိတဲ့အခါလက်ခံနိုင်ပါမလား။ မဝေးလွန်းလှသောအနာဂါတ်လေးအားကြည့်ကာသက်ပြင်းချမိပြန်ပါသည်။

Jungkook၏အတွေးများနှင့်ဆန့်ကျင်ဘက်သို့တွေးနေသည်ကတော့Taehyung. မနက်ကNamjoonပြောတဲ့အထဲမှာ အဖေဆိုသောထိုလူကအမွေတွေကိုသိမ်းရန်ကြံစည်နေသည်တဲ့လား။ အပြည့်အဝယုံကြည်ခြင်းမရှိပါသော်လည်းအကူအညီတစ်ခုတစ်လေများရမလားဆိုသောစိတ်ဖြင့်အခေါ်အပြောတော့လုပ်ရပေဦးမည်။
ကျစ်!စိတ်ရှုတ်ဖို့ကောင်းလိုက်တာ...

ထိုနေ့ကKimစံအိမ်တော်ကြီး၌ အတွေးလွန်နေသောKim Groupရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူအား Jeon Groupရဲ့သခင်လေးမှအချိန်အတော်ကြာအောင်ငေးကြည့်နေခဲ့ပါသည်။
ဒီလိုပါပဲလေ တစ်ခါတစ်လေတော့လည်းအချစ်ဆိုတာ ငေးကြည့်ရုံနှင့်တင်ပြည့်စုံနေတာမျိုး....။

"တောက်ခ် စိတ်ပျက်ဖို့ကောင်းလိုက်တာ အရာအားလုံးကိုဘာလို့မင်းကပဲအနိုင်ရနေတာလဲဟမ် ဟာကွာ"
ဝုန်း ခွမ်း!
Dohyunဒေါသထွက်လွန်း၍အိပ်ခန်းထဲရှိပစ္စည်းများအားအကုန်ဖျက်စီးနေမိသည်။ထိုအသံအားကြားလိုက်၍ထင် Dohyun၏မိခင်ဖြစ်သူကအလောတကြီးအခန်းထဲသို့ပြေးဝင်လာသည်။

"သားDohyung ဘာဖြစ်တာလဲ ပြောစမ်း"

"အမေ သားဘယ်လိုလုပ်မှသူ့ကိုအနိုင်ရမှာလဲဟင်"
ထိုမေးခွန်းအားကြားမိတော့ခုဏကအထိသားထိလျှင်ဆတ်ဆတ်ထိမခံဖြစ်နေသောမိခင်မှာငြိမ်ကျသွားလျက်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now