"ပါးစပ်ဟ၊ သောက်လိုက်"

ဝမ်ယန်က ရေငတ်နေတယ် ထင်ပါရဲ့၊ လီတာ့ များများစားစား မပြောရသေးခင်မှာပဲ သူ့ မသိစိတ်၏ စေ့ဆော်မှုအရ ပါးစပ်ဟလာပြီး ပန်းကန်နားကို ကိုက်လိုက်သည်။

ဆေးရည်များက ပန်းကန်ဖျားမှတစ်ဆင့် ဝမ်ယန်ပါးစပ်ထဲ စီးကျသွားသည်။

ဆေးတစ်ခွက်လုံး ဝမ်ယန်ဗိုက်ထဲ ဝင်သွားပြီဆိုမှ လီတာ့လည်း သက်ပြင်းချနိုင်တော့သည်။

ပန်းကန်ကို တစ်ဖက်တွင် ထားလိုက်ပြီးနောက် သူက ဝမ်ယန်၏ စိုရွှဲနေသော အင်္ကျီကို ကြည့်လိုက်ရင်း မူလက ဝမ်ယန်ကို ခေါ်နှိုးကာ သူ့ဘာသာသူ တစ်ထည် လဲခိုင်းစေချင်ခဲ့သည်။

သို့သော်လည်း ဝမ်ယန်က မှုန်မှုန်ဝါးဝါးနှင့် မျက်လုံးပင် မဖွင့်နိုင်လောက်အောင် ပင်ပန်းအိပ်စက်ချင်နေသည့် ပုံစံကို မြင်သောအခါ သူ သက်ပြင်းသာ ချလိုက်တော့ပြီး မတ်တပ်ထကာ အိပ်ခန်းထဲရှိ အဝတ်ဗီရိုဆီ လျှောက်သွားသည်။ ပြီးနောက် ဗီရိုတံခါးကို ဆွဲဖွင့်ပြီး ပွပွယောင်းယောင်း ရှိတာမျိုးကို ကြုံသလို ထုတ်လာကာ ကုတင်ပေါ် တင်လိုက်သည်။

သူက ဝမ်ယန်ကို ကုတင်ပေါ်မှ အတင်း ဆွဲမ,လိုက်ပြီး အေးစက်နေသည့် မျက်နှာထားနှင့် ဝမ်ယန်၏ ဘောင်းဘီကို အရင် ချွတ်လိုက်သည်။

ဘောင်းဘီကို ချွတ်ချလိုက်သည်နှင့် ပေါင်ပေါ်မှ သိပ်သိပ်သည်းသည်း အနာရွတ်များ ပြူထွက်လာကြသည်။

လီတာ့ အာရုံစိုက်ပြီး ခဏလောက် ကြည့်ကြည့်လိုက်တော့ ထိုအမာရွတ်များမှာ အသစ်လည်း ရှိသလို အဟောင်းလည်း ရှိပြီး အမှိန်ဆုံး တစ်ခုမှာ ယခုအခါတွင် အနီဖျော့ဖျော့နှင့် အစွန်းဘက်တွင် အနည်းငယ် မညီညာတော့သော အမာရွတ်ဖုကြီးသာ ဖြစ်နေတော့သည်ကို တွေ့ရှိခဲ့ရသည်။ အထင်းဆုံးမှာတော့ ပေါင်အတွင်းဘက်မှ မီးလောင်ဒဏ်ရာဖြစ်ပြီး အလွန်နီရဲနေကာ ကြောက်စရာကောင်းသည်။

လီတာ့က စဥ်းစားသည်။ အလွန် ရူးသွပ်စွာ ကစားနေ၍သာ ဤကဲ့သို့ မြောက်မြားလှစွာသော အမာရွတ်များ ထွက်လာခဲ့ခြင်း မဟုတ်လား ဟူ၍။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now