(၂၀၄) သနားစရာကလေးငယ်

Start from the beginning
                                    

"သူ့နောက်ကိုလိုက်။ ကလေးကိုပြန်ယူခဲ့!"
စစ်သူကြီးလုက ချက်ချင်းပဲ အနောက်ကလိုက်သွားတယ်။ သူ့ကြည့်ရတာ ကလေးကို သံယောဇဥ္ရှိပုံပဲ။

ပိုင်ရှန်းရှို့ကသူထွက်သွားတာနဲ့ ချက်ချင်းပဲ သူမကိုတုပ်ထားတဲ့ကြိုးတွေကို စစ်လိုက်တယ်။ ချည်ထားတာ ခိုင်လွန်းတယ်။ လွတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သူမကလည်း ခေတဲ့သူမှမဟုတ်တာ။ ငယ်ငယ်ကတည်းက သိုင်းကားတွေကြည့်ပြီးကြီးလာတာ။ ဒါမျိုးအခြေအနေအတွက်ကြိုပြင်ပြီးသား။စောင့်ကြည့်နေတဲ့သူရှိမရှိ နည်းနည်း​ေ၀့ကြည့်လိုက်ပြီးသူမရဲ့ခြေထောက်ကို မလိုက်တယ်။

သူမက ခန္ဓာကိုယ်ကွေးတဲ့ပညာကိုနည်းနည်းလေ့လာထားတယ်။ လုံဟန့်ကျေးဇူးနဲ့။ သူမရှေ့က သံတိုင်နားအထိ တိုးသွားလိုက်ပြီးခြေထောက်ကို လေပေါ်အထိမြှောက်တင်ထားလိုက်တယ်။ ပြီးတာနဲ့  သူမတံခေါက်ကွေးနားထိရောက်အောင်ကွေးပြီး အဲ့မှာ၀ှက်ထားတဲ့ ဓားမြောင်ကိုယူလိုက်တယ်။ သူမခါးက ထက်ပိုင်းကျိုးတော့မလိုပဲ။ပြီးတော့ အကြောနည်းနည်းပြန်လျော့ပြီး ခြေထောက်ကိုပြန်ချရတယ်။ ဓားကိုတော့လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ကြိုးတွေကိုဖြတ်တာပေါ့။ ဘယ်အချိန်လူပြန်၀င်လာမလဲဆိုတာမသိတော့ မြန်မြန်ဖြတ်ရတော့ သူမတောင်မသိလိုက်ဘဲ ကိုယ့်လက်ကိုယ်ပြန်လှီးမိသေးတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ခဏအတွင်းမှာပဲကြိုးပြတ်သွားပြီး အခန်းထဲကနေ တိတ်တိတ်လေးပြေးတော့တယ်။

အပြင်မှာက အစာင့်တွေရှိပေမယ့် အပြင်ဖက်ကိုပဲကြည့်နေတော့ တံခါးကိုအာရုံမထားမိကြဘူး။  အဲ့ဒါကိုအခွင့်အရေးလို့တွေးပြီး အရိပ်ထဲခဏပုန်းရင်း စခန်းအပြင်ကိုဖြေးဖြေးချင်းထွက်မယ်လို့ အစီအစဥ္ဆွဲလိုက်တယ်။ သူမ လမ်းတစ်၀က်လောက်အရောက်မှာပဲ ကလေးငိုသံကိုကြားလိုက်ရတာပေါ့။

အမေတစ်ယောက်အနေနဲ့ ကလေးငိုသံနဲ့ပတ်သတ်လာရင် စိတ်ကဆတ်ဆတ်ထိမခံတော့ဘူး။ ထွက်ပြေးရမယ့်အစား မဆိုင်းမတွဘဲ
တစ်ခါလောက်လှမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ကလေးကိုလက်မှာပိုက်ပြီးလင်ချန်းဇီက စစ်စခန်းထဲကိုဆွဲခေါ်ခံနေရတာလေ။ သူမက အော်ငိုနေတော့တာပဲ။
"ငါတို့ကိုလွှတ်ပေး! ငါတို့သားအမိကို အိမ်ပြန်ပို့ပေး။"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now