(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ

Почніть із самого початку
                                    

".....မရဘူး"
စုန့်ကျောင်းယွဲ့က စိတ်လေးလေးနဲ့ပဲပြန်ပြောတယ်။ ပိုင်ရှန်းရှို့စိတ်ပျက်သွားမှာစိုးတာကိုး။

တကယ်လည်း သူမ သက်ပြင်းချမိတာပဲ။
"ဒါဆိုလည်း စခန်းရဲ့အ​ပြင်ဖက်ပိုင်းကိုပဲ ပစ်တာပေါ့"

စုန့်ကျောင်းယွဲ့ခေါင်းငြိမ့်ပြလိုက်ပြီး သူ​ေ၀းနိုင်သမျှ​ေ၀း​ေ၀းထိရောက်အောင်ပစ်မယ်လို့ဆုံးဖြတ်လိုက်တယ်။  မိန်းမနဲ့ယောကျာ်းအတူတူအလုက်လုပ်ရင် မပင်ပန်းဘူးဆိုတဲ့စကားက တကယ့်ကိုမှန်တာပဲ။  သူသဘောကျနေတဲ့မိနိးကလေးက ဘေးမှာရှိတော့ စုန့်ကျောင်းယွဲ့က သူ့မှာရှိသမျှအားတွေအကုန်ထုတ်တော့တာပဲ။ ဆိုတော့ကား မြှားက မြင်းဇောင်းနားလောက်အထိကို ရောက်တယ်။ သူမှန်းထားတဲ့အထိမရောက်ပေမယ့် မီးက အဲ့နေရာကိုပဲဦးတည်ပြီးပျံ့သွားတယ်။

ပိုင်ရှန်းရှို့က သူ့ပုခုံးကို ၀မ်းသာအားရနဲ့ပုတ်တာပေါ့။
"တော်လိုက်တာ။ ရှင်တကယ်တော်တာပဲ"

စုန့်ကျောင်းယွဲ့ကပြုံးပြလိုက်ပြီး
"ကိုယ်တို့ကိုသိပ်မကြာခင်ရှာတွေ့သွားလိမ့်မယ်။ လွတ်အောင်ပြေးဖို့ပြင်ထား"

"နားလည်ပါပြီ"
ပိုင်ရှန်းရှို့ကလည်း ခေသူမဟုတ်ဘူးကိုး။ သူမကတခြားလေးနဲ့မြှားကို ကောက်ယူလိုက်တယ်။ ​ေ၀း​ေ၀းကိုမပစ်နိုင်ပေမယ့် သေချာတော့ကြိုစားရှာတယ်။ အဲ့ဒီကျ မြှားသမားတွေအများကြီးလို့ ထင်စရာဖြစ်သွားတာပေါ့။ စုန့်ကျောင်းယွဲ့က တစ်ခါပစ်ရင် သုံးချောင်းပူးပြီးပစ်တာ။ ပြီးတော့ ပိုင်ရှန်းရှို့က ပစ်လိုက် မီးညှိပေးလိုက်လုပ်ပေးတာလေ။ နှစ်ယောက်က တက်ညီလက်ညီလုပ်တော့ ခဏအတွင်းမှာပဲ မြှားတစ်ဒါဇင်စာကုန်သွားတယ်။

မီးကအရမ်းမပျံ့သေးတော့ ရန်သူတွေက မီးငြိမ်းအောင် ချက်ချင်းကြိုးစားကြတယ်။ ဒ့ပေမယ့် တခြားဖက်မှာလည်း အားချွမ်က သူ့အလုပ်သူကောင်းကောင်းလုပ်နေတယ်။ သစ်ကိုင်းကိုဆွဲပြီးမြှင်းနဲ့ပတ်လှည့်နေတုန်း မီးခိုးလိပ်တွေတက်လာတာကိုမြင်ရတယ်။ ဒါပေမယ့် ရန်သူစခန်းထဲမှာတော့ ချုံခိုတိုက်ခံရသလို မီးခိုးရိပ်နည်းနည်းပဲမြင်ရတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now