ကြိုးစားကြည့်ပြီးနောက် ပိုင်မုက ဒီအရာက ဆပ်ပြာနဲ့တူတယ်လို့ ကောက်ချက်ချလိုက်ပေမယ့် ၎င်းရဲ့ အညစ်အကြေးဖယ်ရှားပစ်နိုင်စွမ်းက ဆပ်ပြာထက် ပိုပြီးသန်မာတယ်။ပိုင်မုက ပျော်သွားတယ်။အနာဂတ်မှာ သူ့ရဲ့အ၀တ်တွေကို သန့်ရှင်းအောင် လျှော်ဖွတ်ဖို့အတွက် သူစိုးရိမ်စရာမလိုတော့ဘူး။အဲ့ဒါနဲ့ ပိုင်မုက တိရိစ္ဆာန်သားရေစကပ်ကို ကောက်ယူလိုက်ပြီး ၎င်းကို ကြည့်လိုက်တယ်။ဒါက  တိရိစ္ဆာန်သားရေပိုင်းတစ်ခုလုံးကို ချည်နိုင်တဲ့အမျိုးအစားပဲ။ပိုင်မုက အန်းချီလော့လက်‌ပေါ်က  တိရိစ္ဆာန်သားရေလက်ပြတ်ခါးတိုကိုယ်ကျပ်အင်္ကျီကို ယူလိုက်ပြီး ၎င်းကို ကြည့်ပြန်တယ်။တချို့နေရာတွေမှာ အပ်ချုပ်ရာတွေရှိတယ်။

"အန်းချီလော့ အ၀တ်တွေကို မင်းလုပ်ထားတာလား"ပိုင်မုက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။အစိမ်းရောင်အပ်ချည်တစ်မျိုး
နဲ့ အ၀တ်တွေကို ချုပ်ထားပုံရတယ်။သူက ၎င်းကို ဆွဲပြီး ကောင်းကောင်းဆွဲဆန့်ထားတာဖြစ်တယ်။

"ဟုတ်ပါတယ် ဘာဖြစ်လို့လဲဟင်"အန်းချီလော့က ဂုဏ်ယူတဲ့အမူအရာကို ပြသထားပြီး သူ့ရဲ့အချုပ်အလုပ်စွမ်းရည်က အရမ်းကောင်းမွန်ပါတယ်။

"မင်း ဘာနဲ့လုပ်တာလဲ"ပိုင်မုက အန်းချီလော့ကို တောက်ပနေတဲ့မျက်၀န်းတွေနဲ့ ကြည့်လိုက်တယ်။

"သားရဲသားရေနဲ့ပါ"ဒါက မသိသာဘူးလား။အန်းချီလော့က ပဟေဠိဖြစ်နေတယ်။

"ကျွန်တော်က ကြားခံနေရာကို ပြောနေတာ မင်းဘာကိုသုံးပြီး ချုပ်ထားတာလဲလို့"ပိုင်မုက  တိရိစ္ဆာန်သားရေအ၀တ်အစားပေါ်က ချုပ်ထားတဲ့နေရာကို ညွှန်ပြပြီး မေးခဲ့တယ်။

"အစ်ကိုက ဒါကို ပြောတာလား ဒါက အရိုးအပ်နဲ့အစိမ်းရောင်ကြိမ်က ချည်နဲ့အတူ ချုပ်ထားတာပါ"

"မင်းပြန်တဲ့အခါ ကျွန်တော့်ကို ပြပေးလို့ရမလား"ဒီအချိန်မှာ ပိုင်မုက သူ့စိတ်ထဲ အစီအစဉ်သစ်တစ်ခု ရှိနေပါပြီ။

"ကောင်းပါပြီ"အန်းချီလော့က သူ(ပိုင်မု)ဘာလို့ အဲ့ဒါကို အရမ်းစိတ်၀င်စားနေရလဲဆိုတာ နားမလည်ပေမယ့် သူ(အန်းချီလော့)က သဘောတူခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now