5

1.8K 175 4
                                    

Zawgyi

"စော်အော"

ဒယ်ဒီခေါ်သံကြောင့် မွေ့ယာပေါ်တွင်တစ်ယောက်ထဲလွမ်းနာ
ကျနေသည့်စော်အော်ကခေါင်းထောင်ကြည့်လာသည်။
ခပ်တည်တည်နဲ့ဒယ်ဒီကသူ့ကိုတစ်ချက်ကြည့်ကာအခန်းတံခါးကိုလော့ချလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ကြည့်ရတာသူ့အဖြစ်ကိုဒယ်ဒီရပ်မိပုံပဲ မသေချာတဲ့ရင်ခုန်သံတွေနဲ့အတူသူ မင်ကြွယ်ပြောသလို ကျောင်းကသူ့ကိုအထာပေးနေတဲ့ခပ်ချောချောကောင်လေးတွေနဲ့အီစီကလီလုပ်ကြည့်တယ်။ခဏပါပဲ သူ့တိုရဲ့ခပ်ချွဲချွဲအသံတွေကြောင့်သူအန်ဖူသည်။ ညအိပ်ရင်ဦးကအတွေးထဲပေါ်ပေါ်လာလို့
အိပ်ပျက်ခဲ့တဲ့ညတွေများခဲ့တယ်။ကျောင်းပိတ်ရက်တွေ
ဦး ဆီသွားသွားချောင်းရင်ကုန်ဆုံးတယ်။ ဘာမှမသိတဲ့ဦးက
ပျော်ရွှင်လို့

အိမ်ကိုဦးလာရင်သူ့မှာမျက်နှာချင်းမဆိုင်ရဲ သူ့ဒုက္ခကိုယ်ပဲသိတယ်
သူငယ်ငယ်ကကြောင်းတွေဦးပြောပြရင်ရှက်လို့ သူ့မှာ
ချောင်းတစ်ဟန့်ဟန့်။ ယောကျာင်္တစ်ယောက်ကိုရင်ခုန်မိသည့်သူ့ကို
ဒယ်ဒီတို့ကဘာမှမပြောပေမဲ့ ပါးပါးသူငယ်ချင်း၊သူ့ထက်လဲ
အသက်ကြီးသည့်ဦးကို ဒယ်ဒီသဘောမတူမှာစိုးရိမ်းရသည်။

"တစ်ဖက်သတ်ချစ်ပြီး သွားသွားချောင်နေတာမမောဘူးလား"

"ဒယ်ဒီ"

"မင်းကငါ့ကိုအထင်သေးနေတာပဲ ငါအကုန်သိတယ်"

ထိုအခါစော်အောကခေါင်းငုံ့ပြီ

"ကျွန်တော်.... ကျွန်တော် ဦးကိုချစ်မိနေပြီ တောင်းပန်ပါတယ်ဒယ်ဒီ မဖြစ်သင့်ဆိုတာသိပေမဲ့ ကျွန်တော် ကျွန်တော်.."

"ဒယ်ဒီကိုကြည့်"

စော်အောမျက်နှာကိုလက်နှစ်ဖက်နဲ့ယူကာ

"တောင်းပန်စရာကိစ္စမှမဟုတ်တာ "

"ဒါပေမဲ့"

"ဒယ်ဒီတို့သောက်ကျမလား"

ဒယ်ဒီမဖြေကိုခေါင်းညိမ့်လက်ခံလိုက်သည်။
တယ်ကျော်သက်သူကဒယ်ဒီမှာအတူတူသောက်လို့ရနေပြီလေ။

ဒယ်ဒီနဲ့သူလသာ​ဆောင်မှာ​သောက်ကျသည်။ဒယ်ဒီကနှစ်ဘူး
ကုန်ပြီသူကတစ်ဘူးတောင်မကုန်သေး။ပါးပါးကခြံထဲမှာပဲ
ရှိသေးတာကြောင့်သူတို့လွတ်လပ်နေသည်။

Daddyဝမ်ရိပေါ်နဲ့သူ့သားဝမ်စော်အောအကြောင်းတစ်စွေ့တစ်စောင်း( Completed) ✔Where stories live. Discover now