2

3.3K 274 12
                                    


Zawgyi

"ဝါး...အိပ်လိုကောင်းလိုက်တာဗျာ ထကိုမထချင်တော့ဘူး"

ညအိပ်ဝမ်းဆက်အပြာနုလေးနဲ့​စော်အောက ပျင်းကျောဆန့်ရင်မနက်စာဝိုင်းထဲဝင်ထိုင်သည်။မျက်နှာသုတ်ပြီလာထိုင်ပုံရသည့်
စော်အော်က ဆံပင်တွေကလဲ ထိုးထိုးထောင်ထောင်နဲ့ရှုပ်ပွနေသည်။

"morning ဒယ်ဒီသားစော်အောလေး ဒီနေ့လဲfaဖြစ်နေတုန်ပဲနော်"

"ဟာ ဒယ်ဒီ"

ခွီး...

မနက်မိုးလင်တာနဲ့ဒယ်ဒီဝမ်ရိပေါ်ရဲ့ နှုတ်ဆက်စကားက
ဆယ်ကျော်သက်လေးစော်အောကိုအကြီးအကျယ် ကြေကွဲစေသည်။ ဒါကြောင့် သူငယ်ချင်းတွေကရော သူကိုယ်တိုင်ရောကောင်မလေးရှာသည်။ ပြောချင်တာကကွာ
ငါရုပ်ဆိုးလို့မရတာမဟုတ်ဘူး ၊ ကျောင်းမှာဆိုသူ့ကိုလာလာ
ကပ်နေသည့်ကောင်မလေးတွေမှတစ်ပုံကြီး ကြုံတုန်ကြွားအုံးမယ် ဒီကခန့်ချောကိုကြီးက တစ်ကျောင်းလုံးရဲ့Kingနော်ခက်နေတာက မိန်းကလေးတွေနဲ့ဓာတ်မတည့်တာသူတို့အသားကိုင်ရမှာက ဟိုနာယားသလိုလို
ဒီနာယားသလိုလိုပဲ ဒစ်ကအဲ့မှာစပြီလည်တာ

စော်အောကစူပုတ်ပုတ်နဲ့မနက်စာအမြန်စားပြီထွက်သွားသည်။သားထသွားမှရှောင်းကျန့်ကရိပေါ်ဗိုက်ခေါက်ကိုအင်္ကျီပေါ်
ကလှမ်ဆွဲသည်။

အ့

"လုပ်ပြန်ပြီသည်းငယ်ရာ နာတယ်လို့"

"ကလေးကိုစပြန်ပြီ"

ရိပေါ်ကနာနေသည့်ဗိုက်ခေါက်လေးကိုပွတ်ကာရှုံ့တွပြီ

"မောင့်ဗိုက်တော့ပုတ်ပြီကွာ အဲ့တာသည်းငယ်ကြောင့်
သက်သာအောင်မောင့်ကိုနမ်းပါအုံး"

နှုတ်ခမ်းကြီးထော်ကာရှေ့တိုးလာသည့်နှုတ်ခမ်းကို
ရှောင်းကျန့်ကလက်နဲ့ကာ ကာ

"ဖယ်စမ်းပါ မကြီးမငယ်နဲ့အသက်ကကြီးနေပြီကို"

ထိုအခုရိပေါ်ကတစ်ခြမ်းစောင်းအပြုံးကြီးပြုံးလာပြီ

"ကိုယ်အသက်မကြီး​သေးတာ သည်းငယ်သိပါတယ်
ညက အား...နာတယ်သည်းငယ်ရဲ့"

"စောစောစီးစီး မဟုတ်တာတွေပြောနေပြီ စားပြီရင်လဲ
ကုမ္မဏီသွားဖို့ပြင်​တော့ "

Daddyဝမ်ရိပေါ်နဲ့သူ့သားဝမ်စော်အောအကြောင်းတစ်စွေ့တစ်စောင်း( Completed) ✔Where stories live. Discover now