"စိတ်လဲဝင်စားသလို၊ ဝါသနာလဲပါလို့ပါဗျ"

ကိုယ်ရေးအချက်အလက်ကြည့်ရင်း နေရောင်က ခေါင်းငြိမ့်လျှက်...

"အင်း၊ အသက်က ၂၁နှစ်နော်၊ဘယ်အချိန်လောက်က USကိုရောက်
တာလဲ"

"ကျွန်တော် ၁၀နှစ်အရွယ်လောက်ကပါ"

နေရောင် ဖိုင်ကိုပိတ်လိုက်ပြီး လက်ချင်းချိတ်လျှက်သေချာကြည့်
၏၊ပြီးမှ...

"အဲ့ဒီတော့ မင်းက ဒီမှာ Fashion Art Illustration ပိုင်း
လုပ်ချင်တာလား၊ ဖက်ရှင်ဒီဇိုင်နာ လုပ်ချင်တာလား။ကိုယ်တို့က
Wedding Dressရယ် တခြားBranded အထည်တွေ
ချုပ်လုပ်မှာဆိုတော့လာလျှောက်တဲ့ ဒီဇိုင်နာတွေကများတယ်"

"Design Drawing ကကျွန်တော့်အတွက်ပိုအဆင်ပြေပါ
တယ်၊ဒါပေမယ့် သူဌေးအဆင်ပြေမယ့် နေရာထည့်ချင်လဲရပါတယ်"

"Ok မျှော်မှန်းလစာအနေနဲ့ မင်းဘယ်လောက်မျှော်မှန်းထားလဲ"

ခန့်ဆက်မျက်ခုံးတန်းလေးစုကျုံ့သွား၏၊ မြန်မာပြည်မှာ အလုပ်လုပ်
ခဲ့ဖူးတာမှမဟုတ်တာ။ ဒီနိုင်ငံမှာ ပုံမှန် ဒီဇိုင်းရေးဆွဲသူ တွေဘယ်
လောက်တောင်းလဲ ခန့်ဆက်မသိ။ ဒီအတိုင်း ဝါသနာပါလို့သာ လာ
လျှောက်ခဲ့ခြင်း။ ပြီးတော့ ခေတ်နေရောင် ကို တစ်ချက်ပြန်မော့ကြည့်
သည်။ထို့နောက်...

"သူဌေးအဆင်ပြေသလိုပဲပေးပါ၊ ကျွန်တော် သေချာမသိလို့"

"မင်း အလုပ်မလျှောက်ခင် ဒီနိုင်ငံက လစာ နှုန်းထားတွေကို အရင်
စုံစမ်းခဲ့သင့်တယ်"

ခပ်အေးအေးလေသံကြောင့် ခန့်ဆက်အနေခက်သွားသည်။ သူအခု
အပြောခံလိုက်ရတာလား။ သူ့ကို မစေ့စပ်တဲ့လူလို့ ပြောလိုက်တာ
လား။ ခန့်ဆက်မျက်နှာပျက်သွားတော့နေရောင် ပင့်သက်ရှိုက်ရင်း..

"အစ်ကိုပြောတာက လစာနဲ့ပတ်သတ်ပြီး မင်းကိုညှပ်ချလို့မရအောင်
သတိထားသင့်တယ်ဆိုတာ ပြောတာ"

"ဟုတ်ကဲ့ပါ"

"Ok ဒါဆို ၃ရက်အတွင်း အကြောင်းပြန်မယ်"

နေရောင်ပြောပြီးတာနဲ့ မျက်စိရှေ့က ကောင်ငယ်လေး ထထွက်သွား
တာကိုငေးကြည့်နေလိုက်တော့သည်။ထိုစဥ်ဘေးကို မန်နေဂျာ မလေး
ရောက်လာပြီး စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကောက်သိမ်း၏၊

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now