တစ်ခါတလေ မောင်က သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလို အတ္တလည်းကြီးသည်။ တစ်ခါတလေ ကျွန်တော်နှင့်ပတ်သက်လာလျှင် မောင့်အတ္တက မောင့်အချစ်ထက် ပိုပိုကြီးသွားတတ်သည်။

မည်သို့ပင်ဖြစ်စေ... ဒါတွေဟာ မောင့်အချစ်တွေဆိုလျှင်လည်း ကျွန်တော် က ကျေကျေနပ်နပ် ခံယူလိုက်ဖို့ ဝန်လေးမည်မဟုတ်။

ယမန်နေ့ကလည်း မောင် ကျွန်တော့်ကို စိတ်ဆိုးသွားသေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က ညနေပိုင်းတွင် မိုးတွေ သည်းကြီးမဲကြီး ရွာနေခဲ့တာဖြစ်သည်။ ထီးကိုင်ပျင်းသူပီပီ ထုံးစံအတိုင်း ပါမလာခဲ့။ နာရီကိုကြည့်တော့ မောင်တို့ ကျောင်းဆင်းချ်န်တောင်ကျော်နေပြီဖြစ်သည်ါ ။ အခုချိန်လောက်ဆို မောင် ပုကြူးလေးတို့ကို စာသင်နေလောက်ပြီဖြစ်သောကြောင့် မောင့်ကို မခေါ်မိ။

မောင်က သူစာသင်နေချိန် သူ့တပည့်တွေရှေ့ ဖုန်းပြောတာမျိူးလုပ်လေ့မရှိ ။ မိုးကလည်း သည်းနေတာကြောင့် ရှန်မင်းကိုပဲ ဆက်ကြည့်လိုက်တော့ သည်။ တံတားဖြူ ပဲရှိသေးသည် ဟုပြောသဖြင့် ဆင်းခိုင်းကာ ပြန်လှည့်ခေါ်ခိုင်းတော့ လာခေါ်ပေးရှာပါသည်။ ကားဂိတ်တွင် မိုးရွာထဲ ရှန်မင်းထီးအောက်တွင် ကျွန်တော်ရောက်နေခဲ့သည်။ ထိုစဉ် လေတစ်ချက်အဝှေ့တွင် မိုးနံ့တွေကြား မောင့် ကိုယ်သင်းနံ့ ကို ခံစားမိ၍ ကြည့်လိုက်တော့ မောင် ကမလှမ်းမကမ်းတွင် ထီးတစ်ချောင်းနဲ့ရပ်နေခဲ့သည်။

လူအများကြီးမရှိသော ကားဂိတ်တွင် မောင် ကျွန်တော့်ကို မတွေ့စရာ ဘာအကြောင်းမျှမရှိပါပဲ မောင်ဟာ မျက်နှာကြီး တင်းထားပြီး ရှေ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ ရှန်မင်းထီးအောက်မှထွက်ကာ မောင့်ဆီသွားမည်အလုပ် မောင်ဟာ ကားလမ်းတစ်ဖက်ကို ချက်ချင်း ကူးသွားသည်။ ဆူညံနေသော မိုးသံကြားတွင် ကျွန်တော့်ခေါ်သံကို မောင်မကြားသည်လား...တမင် မကြားယောင်ဆောင်သွားသည်လား ။

တခါတလေ မောင်က သိပ်ကို နားလည်ရခက်သည်။ ညရောက်တော့ ဖုန်းဆက်နေကျအချိန် မောင့်ဖုန်းဝင်မလာ၍ လှမ်းဆက်လိုက်တော့မှ မောင်စိတ်ဆိုးနေမှန်းသိသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now