Castle in the air 9

Start from the beginning
                                    

မီမြောင်း တစ်ယောက် စိတ်ထဲ Park Jiminနဲ့ Kim Taehyungအား တစ်ခုခု​တော့ တစ်ခုခုဘဲလို့တွေးလိုက်မိသည်။

ထယ်ယောင်း ဂျီမင့်ဆီ ထသွားတော့ မီမြောင်းနောက်နေ မသိမသာ လိုက်သွားလိုက်သည်

"ဘာလဲ ဘာလာလုပ်တာလဲ ဂျီမင် "

"စေ့စပ်ပွဲဖြတ်လိုက် "

ထယ်ယောင်း မကျေနပ် တဲ့မျက်နှာဘေးနဲ့ ဂျီမင့်ကြည့်တော့ သူ ကရယ်တော့တာဘဲ ဘာလဲ လူကို ဟာသ လာလုပ်နေတာလား

"မရယ်နဲ့ မင်း ငါ့ဆီမလာ ရဘူး Jkဆီသွား "

ဂျီမင်တည်သွားပြီး ထယ်ယောင်းခါးကိုဆွေ့ကနဲဆွဲကာ ဖက်ချလိုက်တော့ မီမြောင်း ခြံတံခါးရဲ့ဘေးက အုတ်တံတိုင်းအကွယ်ကနေ ကြည့်ကာ အံ့အားသင့်သွားသသည်။

"Jiminက Jkအပေါ် သစ္စာဖောက်လား ထယ်ယောင်းကရော Jiminကို ချစ်နေတာလား Jkကရော Jiminကိုမချစ်ဘဲ ဘာလို့ Jiminနဲ့တွဲတာလဲ Jimin ချစ်တာကရော "

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားနေရင်း Jiminနဲ့ ထယ်ယောင်းကိုကြည့်လိုက်တော့

"လွှတ်ကာ ဟိုနေ့ကလည်း ခိုနမ်းသွားတာ ဒီနေ့လည်း အသားယူတာ မင်းမကောင်းဘူး လွှတ် "

ဂျီမင့်အပြုံးတွေက ထယ်ယောင်းဘေးရှိရှုအသက်ဝင်ကာ ပျော်ရွှင်နေတာ ဘေးကလူတွေ အသိဆုံးဘဲ အခုလည်း ထယ်ယောင်းရုန်းလေ သူက ပိုတင်းကြပ်စွာ ဖက်လေ ပြီးတော့ ရယ်နေလိုက်တာ မျက်လုံးလေးတွေမှိတ်နေအောင်ကိုရယ်တာ

"ကိုကို....."

ဇာတ်လမ်းကလှပြီ 3ပွင့်ဆိုင် အချစ် ပွဲကြီးကို မျက်ဝါးထင်ထင်တွေ့ရ၍ ပိုစိတ်ဝင်စားစရာကောင်းသည်။

Park Jiminကိုတကယ် အံ့ဩတယ် သူ့ရည်းစား ရောက်လာတာတောင့် ထယ်ယောင်း ခါး ထက်က လက်ကမလွှတ်ပေးပေ

ထယ်ယောင်းရုန်းမရတဲ့အတူ မရုန်းဘဲငြိမ်နေလိုက်သည်။

"ကူးငယ် ....ငါ့ကိုကူ ပါအုံး ဒီကောင် ငါ့ကိုစ နေတာ "

ထယ်ယောင်းက ကြည့်ကောင်းအောင်စကားစပေမယ့် ဂျီမင်က ပြုံးရယ်ခြင်းမရှိ ခပ်တည်တည်သာ JKကိုကြည့်လိုက်သည်။

"လွှတ်လိုက်လေ ကိုကို က ခင်ဗျားမပိုင်ဘူးနော် စချင်တိုင်းစရအောင် ကိုကိုက ခင်ဗျားအရုပ်မဟုတ်ဘူး"

Castle in the airWhere stories live. Discover now