Castle in the air 8

Start from the beginning
                                    

"ငါကလေး မဟုတ်ဘူး ဂျီမင် ရေဘဲ တစ်ခါတလေ သီးတာ ဆူစရာလား"

"မင်း တစ်ခုခုဖြစ်ရင် စိတ်ပူ ရဆုံးသူက ငါလေ မဆူလို့ရမလား"

သူမကို မရှက်ပေမယ့် Jkရှေ့ Jimin ဂရုစိုက်နေတာကြောင့် အားနာမိတာတော့အမှန်ပေ

Jkကို အားနာနာနဲ့ပြုံးပြတော့ Jkက တစ်ချက်ကလေးပြုံးကာ

"ကိုကို့ကို ကျွန်တော် စိတ်ပူနေတာ သိတယ်မို့လား"တဲ့

"သိပါတယ် ကူးငယ်ရာ "လို့ အမြန်ဖြေလိုက်မိသည်

တကယ် လူက မနေတတ်တော့ဘူး အခြေနေတွေက ဘာတွေ မှန်း နားမလည်ဘူး Jkက Jiminကောင်လေး ငါက ဘယ်သူ့ ကောင်လေးမို့လဲ အခု ငါ့ကို ဂရုစိုက်နေတာ ငါ့ညီလေးလိုချစ်ရတဲ့သူနဲ့သူ့ရဲ့ boyfriend လောကကြီးမှာ ငါနားမလည်တာတွေ အများကြီးပါဘဲလား

အတွေးတွေ များရင်း ခေါင်းကိုက်လာတာမို့ ပြန်ဖို့ သူဘဲ အရင် စပြောလိုက်သည်။

"ပြန်ရအောင် မီမြောင်း "

"ဪ အင်းလေ ပြန်မယ်လေ"

ကားပါကင်ကို ၄ယောက်သား လျှောက်လာရင်း လူက ခေါင်းတအားကိုက်လာတာကြောင့်မိုက်ကနဲ့ငိုက်ကာ လဲ မလိုဖြစ်တော့ နောက်က ခါးကို တင်းကြပ်စွာ ဖက်ကာ ထိန်းထားတာကိုသိလိုက်၏။

"ထယ်ယောင်းကို ဂျီမင်က သိပ်ချစ်တာဘဲနော် မီမြောင်း မှာလည်း မီမြောင်းကို အဲ့လို ချစ်တဲ့ သူငယ်ချင်းရှိတယ်"

ဒါဆို သိပြီ သူ့ကို ထိန်းဖက်ပေးထားတာဂျီမင်ပေါ့ နောက်ကိုခေါင်းလေးကို လှည့်ကြည့်မို့ရှိသေး လူက လေပေါ်မြှောက်သွားပြီး ခါးအောက်နေ လက်နဲ့ ပွေ့ဖက်မှုနဲ့အတူ ခြေထောက်က လေထဲ တွဲလွဲဖြစ် ပြီး ဂျီမင့်ပွေ့ဖက် ခြင်းခံလိုက်ရသည်။

"Babe မင်း ကလေ ကိုယ့်ကိုယ် ကို ဂရုမစိုက်ဘူး "

"ဟူးးး ကိုကိုက မငယ်တော့ဘူး ခင်ဗျား သိပ်ကဲမနေနဲ့ ကြည့်မရရင်ခင်ဗျားကို ဖြတ်ရိုက်မိမယ်"

Jkဆီမှ စိတ်ပျက်စွာ သက်ပြင်းချတဲ့တစ်ချက်နဲ့အတူ စကားသံပါကြားရလိုက်ရသည်

"ငါလမ်းလျှောက်နိုင်တယ် Jimin အောက်ချပေးတော့"

Jiminဘယ်တုန်းက သူလုပ်ချင်တာဆို တားရလို့လဲ အခုလည်းဘယ်သူ့စကားမှ နားမထောင်ဘဲ ကားဆီသာ လျှောက်လှမ်းလိုက်သည်။

Castle in the airWhere stories live. Discover now