Unicode
_________

ရှောင်းဟုန်တို့သားအဖဘယ်လိုမှပြောမရတဲ့အဆုံးလက်ဗလာနဲ့သာပြန်လာခဲ့လိုက်ရသည်။၁ပတ်လောက်နန်းတော်ထဲနေနေခဲ့တာတောင်သူ့သားကသူ့ကိုလာတောင်မတွေ့ပဲအချိန်ပြည့်စစ်ရေးလေ့ကျင့်နေပြီးသူ့စွမ်းအင်တွေကိုစမ်းသပ်နေတာပင်။အဘိုးတို့ကတော့တစ်လတစ်ခါရှောင်းကျန့် ကိုလာလည်ခိုင်းလိမ့်မည် ဟုပြောနေကြသည်။ ပြီးတော့ခေါ်လို့ရရင်လဲခေါ်သွားတဲ့လေ
ရှောင်းဟုန်ကိုလဲတော်ဝင်တံဆိပ်ပေးခဲ့တယ်။တစ်ခုခုဖြစ်ရင်ရှောင်းနိုင်ငံကိုပြေးလာခဲ့ပါတဲ့။အဘွားဖြစ်သူကိုလဲကောင်းကောင်းနှုတ်ဆက်ခဲ့ပြီးနောက်တစ်ခါထပ်လာမည့်အကြောင်းလဲကတိပေးခဲ့လိုက်ရသည်။

"ရှောင်းဟုန်အခုဘယ်လိုလုပ်မလဲသားရွာပြန်နေမှာလား"

ရှောင်းဟုန်ကတိပေးထာသည့်တစ်ပတ်ဆိုတာကျော်လွန်နေပြီး ခုဆို၁လပင်ပြည့်တော့မည် အရှင်သူ့ကိုဘယ်လိုထင်နေပြီးဘယ်လိုတွေးနေပြီလဲမသိတော့ သားလေးကိုပြန်တွေ့သည့်အကြာင်းပြောရမည်လား
မပြောရဘူးလားဆိုတာဝေခွဲမရဖြစ်နေသည်အရှင်ကကောသားလေးကို အသေသတ်ဖို့တွေးဖူးတဲ့လူတစ်ယောက်ပင်အခုပြောင်းလဲနေပြီလား။

ဘယ်လိုဖြစ်ဖြစ်သူတို့နှစ်ယောက်ထိခိုက်မှာကိုမလိုချင်ပါ
စစ်ပွဲတွေသာဖြစကြရင်နှစ်ဖက်လုံးဆုံးရှုံးရမှာပင်။ဘာလို့များလူတွေအများကြီးထိခိုက်စေမဲ့အလုပ်ကိုလုပ်စေချင်နေရတာလဲ...

" ရှောင်းဟုန်သားမပြန်ချင်လဲရပါတယ် ဒါပေမဲ့သားဟိုကိုရောက်ရင်သတိထားမိနေပါ"

စဉ်းစားရခက်နေတဲ့ရှောင်းဟုန်ကိုသူ့အဖေကနားလည်စွာနဲ့ပြောလိုက်သည်။

"ဟုတ်ကဲ့ဒါဆိုရှောင်းဟုန်သွားတော့မယ်နော် အမေ့ကိုလဲဂရုစိုက်ပေးပါဦး"

"ကောင်းပြီမြေးလေးရှောင်းကျန့်ရောက်လာရင်သေချာဖြောင်းဖျလိုက်ဦးရှောင်းဟုန်သားလေးမင်းထင်ထားတာထက်
မင်းအဘွားကပိုပြီးရက်စက်တက်တယ်နော်"

"ဟုတ်ကဲ့"

ရှောင်းဟုန်အဖေဖြစ်သူနဲ့လမ်းခွဲလိုက်ပြီးသူက မြို့တော်ဘက်ကိုဦးတည်ပြီးမြင်းကိုမောင်းနှင်လာခဲ့သည်။

*********

"အရှင်ရှောင်းဟုန်ပြန်ရောက်ပါပြီ"

ရှောင်းဟုန်ရောက်ရောက်ချင်းပြန်ရောက်ကြောင်းသွားပြောတော့အရှင်ကသူ့ကိုကြည့်မနေပဲ သူ့ရဲ့ရွှေရောင်ဓားကိုအဝတ်တစ်ခုနဲ့သုတ်နေတယ်။

"ရှောင်းဟုန်ကိုယ်တော်ပေးလိုက်တဲ့အချိန်က
၁ပတ်ပဲလားလို့"

"တောင်းပန်ပါတယ်အရှင်ရှောင်းဟုန်ကိစ္စကမထင်မှတ်ပဲကြာသွားတယ်"

"ကိုယ်တော့်ကိုပြောတော့ရွာကိုပဲပြန်မယ်ဆို ဘာလို့ယောက္ခထီးနဲ့အပြင်ထွက်သွားတာလဲ ကိုယ်တော့်ကိုတစ်ခုခုလျှို့ဝှက်ထားတာရှိတာလား"

"မရှိပါဘူး"

"ကောင်းပြီလေ ကိုယ်တော်နဲ့ညနေစာစားရအောင်မင်းနဲ့အတူစားပွဲမထိုင်ရတာကြာနေပြီ "

"မသင့်တော်ပါဘူး "

ရှောင်းဟုန်ရဲ့ မျက်နှာကအရှင်နဲ့ရှိနေချိန်သာဘာမှမလိမ်းပဲထားနေတာဖြစ်တယ်။ဒါကြောင့်ရှောင်းဟုန်ကိုဘယ်သူလဲဆိုတာ အရှင်နဲ့မိန်စီးကလွဲရင်ဘယ်သူမှမသိကြပါ။ဒီအခြေကိုအစေခံတစ်ယောက်ယောက်မြင်သွားရင်မေးခွန်းထုတ်စရာဖြစ်နေလိမ့်မည်။

"ကိုယ်တော်နဲ့ ဒီအခန်းမှာစားကြတာပေါ့အစေခံတွေကိုအပြက်ဘက်မှာစောင့်ခိုင်းလိုက်ပါ့မယ်"

ဘယ်လိုမှပြောမရနိုင်တာသိတာမို့ ရှောင်းဟုန်လက်ခံလိုက်ရသည်။ထိုအချိန်မှအရှင်က ပြုံးကာအပြင်ကိုထွက်သွားလိုက်တော့သည်။ ခနအကြာမှာအစေခံတွေနဲ့အတူ ပြန်ဝင်လာပြီးအစေခံတွေရဲ့လက်ထဲမှာတော့ ဟင်းလျာပေါင်းစုံချက်ပြုတ်ထားသည့် ပန်းကန်တွေကိုကိုင်ထားကြသည်။ရှောင်းဟုန်အမြန်ပင်ကိုယ်ကိုကျောပေးကာနောက်လှည့်လိုက်သည်။တော်သေးသည်အရှင့်ရဲ့ခွင့်ပြုမိန့်မရပဲခေါင်းမော့ခွင့်မရကြလို့သာတော်သေးသည်။ပြီးနောက်မှာတော့ရှောင်းဟုန်ဟာအရှင်နဲ့ပွဲတော်တည်ကာ အရင်လိုပြုံးပျော်နေတော့သည်။

TBC...

Helloကိုယ်အခု ficအသစ်တစ်ပုဒ်ထပ်ရေးဖို့စိတ်တအားပြင်းပြနေတယ်ဘာဘီတို့ မင်းတို့ကြိုက်တဲ့ဇာတ်လမ်းဖြစ်လောက်မလားမသိပေမဲ့ကိုယ်တကယ်စိတ်အားထက်သန်ပြီးရေးချင်နေတာမို့ နာမည်အသစ်လေးတစ်ခုလောက်ပေးကူကြပါဦး
၁လုံးဖြစ်၂လုံးဖြစ်ဖြစ်ပေါ့ ခပ်မိုက်မိုက်လေး ⊙_⊙

(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်)Where stories live. Discover now