(၂၅) Z/U

663 52 0
                                    

Zawgyi
_________

"ရှောင်းဟုန်တို့သားလေးကသေသွားပြီ"

ရှဲ့ဟန်ကပြုံးလိုက်ပြီးထိုကိစ္စကိုမယုံကြည်စွာ

"ကိုယ်တော့်ကိုစိတ်ဆိုးနေတာလားရှောင်းဟုန် "

"မဟုတ်ဘူးအရှင် ရှောင်းဟုန်တို့ကလေးကတကယ်မရှိတော့တာပါ
ရှောင်းဟုန်တို့အားလုံးလုပ်ကြံခံရပြီး လူတွေကွဲသွားကြတာပါ "

ရှောင်းဟုန်ကအရှင့်ရဲ့မျက်နှာပေါ်ကအခြေအနေတွေကိုလိုက်ကြည့်နေလိုက်တယ်။အရှင်ကိုယ်တိုင်ရှောင်းဟုန်တို့ကိုသတ်ခိုင်းလိုက်သည့်ကိစ္စကို မေ့ပစ်လိုက်တာလား။

************

ဟိုနေ့ကကိစ္စတွေဖြစ်ပြီးနောက်ပိုင်းအရှင်ကတောထဲဝင်ကာ သားလေးကိုရှာဖွေရင်းလုပ်ငန်းစတင်ပါတော့သည်။ရှောင်းဟုန်မှာအရှင်သားလေးကိုမတွေ့စေဖို့ဆုတောင်းနေရသည်။အရှင်က သားလေးကိုပါသတ်ပစ်ချင်နေတာမဟုတ်လား။ ရှောင်းဟုန်ကိုဘာမှမလုပ်ပဲလွတ်ထားတာတောင်အကြံအစည်နဲ့လဲ ဆိုတာတောင်ပြောမရပေ။
ရှောင်းဟုန်တွေးနေရင်းတံမြတ်စည်းလှည်းနေသည့်သစ်ပင်ပေါ်ကလှုပ်ရှားမှုတစ်ခုတွေ့လိုက်ရတာကြောင့်အပေါ်မော့ကာအော်ပြောလိုက်သည်။

"ဘယ်သူလဲ အပေါ်မှာတစ်ယောက်ယောက်ရှိနေတယ်အခုချက်ချင်းဆင်းလာခဲ့"

ရှောင်းဟုန်စကားပြောပြီးအဆုံးမှာသစ်ပင်ပေါ်က၁၀နှစ်အရွယ်ကောင်လေးတစ်ယောက်ခုန်ဆင်းလာခဲ့သည်။အဖြူရောင်ဝတ်စုံဝတ်ထားသည့်လူငယ်က တော်ရုံအထက်တန်းစားထဲက သခင်လေးဖြစ်လောက်မည်။

"ဘယ်သူလဲ ဘယ်ကလဲ "

ရှောင်းဟုန်မေးလိုက်တော့ ထိုကလေးကနှုတ်ခမ်းကိုအနည်းငယ်စူလိုက်ပြီးရှောင်းဟုန်ကိုစကားပြောလာသည်။

"ကိုယ့်သားကိုတောင်မမှတ်မိဘူးလားအဖေ"

ဟမ်..

ရှောင်းဟုန်ထိုကောင်လေးရဲ့မျက်နှာကိုစေ့စေ့ကြည့်မိသည်။အရွယ်မရောက်သေးတဲ့ ကလေးဖြစ်နေသည့်တိုင်ဒီနေရာကိုလာခဲ့ တာကြောက်လန့်နေပုံမရှိပေ။ရှောင်းဟုန်ကြည့်နေရင်းထိုကလေးငယ်ရဲ့နဖူးပေါ်က အမှတ်အသားတစ်ခုဆီအကြည့်ရောက်သွားသည်။
ရှောင်းဟုန်ဘာစကားမှမဆိုနိုင်ပဲ ကြောင်အ, စွာမတ်တပ်ရပ်နေမိသည်။အရှေ့ကလူငယ်လေးကသူ့သားတဲ့လေ
၁၀နှစ်ကျော်ကြာပျောက်နေပြီးသူကိုယ်တိုင်သေသွားပြီလို့တောင် သတ်မှတ်ထားသည့်သူ့သားအသက်ရှင်လျက်သူ့ကိုလာရှာနေသည်တဲ့

(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်)Where stories live. Discover now