လှည့်ထွက်လို့ အိပ်ခန်းတံခါးနားကနေပြန်လှည့်လာပြီးမှမေးသည်...

"အီဟီဆွန်းကဘာကြီးလဲ?.."

"ဟင်? ကိုယ်က လူလေ ဘာလဲ ကိုယ်အရမ်းချောနေလို့လား? အာ့ဆိုလဲကျေးဇူး-"

သူစကားပြာလို့မဆုံးခင်မှာပဲ သူ့ပါးစပ်ကိုလက်ဖြင့် အုပ်ကာမျက်လုံးပြူးပြရင်း..

"No! ပြောချင်တာကကွာ အီဟီဆွန်းက Chicago မှာလဲအလုပ်တွေရှိတယ်ပြောတယ်၊ အမ်း...စားသောက်ဆိုင်လဲဖွင့်ထားတယ်၊ပြီးတော့ Paris မှာလဲ design Comapny ရှိတယ်ဆိုတော့...နဲနဲစဉ်းစားစရာပဲ! ပြီးတော့ ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို အီဟီဆွန်းကို ဂျာနယ်တွေ၊စာစောင်တွေ၊တီဗွီတွေ၊ ဆိုရှယ်မီဒီရာတွေ မှာလဲထည့်မရေးဘူး။ပြီးတော့ အီဟီဆွန်းကို ဓါတ်ပုံလိုက် ဇာတ်လမ်းတွေထဲကလိုလိုက်မရိုက်ဘူး။ အဲ့ဒါဘာလို့လဲ?"

များပြားလှပါသော စာအုပ်ရူး၊ရုပ်ရှင်ရူး လေးရဲ့မေးသမျှ အမေးနဲ့ information တွေအကုန်လုံးကို မနဲလိုက်ဖမ်းပြီး ခေါင်းစဉ်စီလိုက်ရင် main point က သူဘာလို့နာမည်မကြီးတာလဲ ဆိုတာဖ့စ်သည်။

"အဲ့ဒါ ရုပ်ရှင်နဲ့၊စာအုပ်လေ ကောင်လေးရဲ့ Chicago မှာတော့ Ethan Lee ဆိုတာဘယ်သူလဲဆိုတာတော့သိတာပေါ့ ပရောဂျက်တော်တော်များများ ကိုယ်မပါရင်မှမပြီးတာ...

အခုကလဲ ကိုယ် Paris မှာအချိန်လာကုန်နေတာက ထိမ်းသိမ်းထားရတာတစ်ခုကြောင့်ရယ် ဒီတစ်ခေါက်ပွဲမှာ ကိုယ်တိုင်design ရေးပေးချင်လို့ရယ်။ပြီးတော့ ရုပ်ရှင်တွေ၊ဝတ္ထုတွေထဲကလို အပြင်လောကမှာ သူဌေးတွေကို အပြင်လူတွေ.. အထူးသဖြင့် မီဒီရာတွေကတောင် စောင့်ကြည့်တာ မရှိသလောက်ပဲ။

ဘာလို့လဲဆိုတော့ ကိုယ်တို့လို စီပွါးရေးသမားတွေက လူတွေထဲက လူဖြစ်သလို celebrities တွေလဲမဟုတ်ကြဘူးလေ။ ရုပ်ရှင်တွေ၊ဝတ္ထုတွေက ပေါပင် အထင်ကြီးအောင်ရေးကြတာပါ"

သူ့အဖြေကို သဘောမကျဟန်။အဲ့ကောင်လေးမျှော်လင့်တေတာက ဂျာနယ်တွေစာစောင်တွေမှာ ထင်ပေါ်ကျော်ကြားစေချင်သလိုမျိုးပင်။ အဲ့ကိစ္စကို လျစ်လျူရှု့ဖိုါပြောပြီး ရေချိုးခန်းထဲအဆင်းထည့်ပေးလိုက်သည်။ သူကတော့မနက်စာပြင်ဖို့လုပ်ရမယ်။

EIFFEL Onde as histórias ganham vida. Descobre agora