ကမ္ဘာကြီးက ထူးဆန်းလိုက်တာ၊ ဖန်တီးသမျှတိုင်းက CP ဖြစ်လာနိုင်တယ်ပေါ့။ ကောင်းလေစွ၊ ကောင်းလေစွ။

ပရိသတ်များက သူတို့ဘာသာသူတို့ ပျော်ရွှင်ကျီစားနေကြသည့် Super Topicကို ရန်ကျားလိတင် မဟုတ်၊ လီအော့ပါ မြင်လိုက်ရလေသည်။

ထိုအချိန်တွင် လီအော့က အိမ်မှာထမင်းစားနေပြီး အဆီရွဲရွဲ ကြက်ခြေထောက်ကပင် သူ့ပါးစပ်ထဲ ရှိနေသေးသည်။

သူ ဖြစ်သလို Weibo ထဲ ဖွင့်ဝင်လာစဥ် မမျှော်လင့်ဘဲ သူ့အစ်ကိုနှင့် ဝမ်ယန်၏ လိင်တူချစ်ဇာတ်လမ်း အတိုအထွာလေးကို တွေ့လိုက်ရသည်။ ရေးထားသည်က___သူ့အစ်ကို လီတာ့တစ်ယောက် ပျားပန်းခပ်နေသော လှိုင်းလှုံးပမာ လူအုပ်ကြီးကြား ချစ်စဖွယ် သေးသေးသွယ်သွယ် ဝမ်ယန်လေးကို မြင်လိုက်ရသည့် တဒင်္ဂ ချစ်သည့်စိတ်တို့ နက်နက်ရှိူင်းရှိူင်း အမြစ်တွယ်ကုန်ကြကာ တတ်စွမ်းသမျှ နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း ချစ်မေတ္တာတို့ ပြန်မရနိုင်သည့်အတွက် ထိန်းမနိုင် သိမ်းမရဖြစ်ပြီး လူကို အကျဥ်းချုပ်လျက် တစ်ညတည်းနှင့် ခုနှစ်ကြိမ်တိတိ နှိပ်စက်ညှည်းပန်း အရယူခဲ့သည့် ပုံပြင်တိုလေး ဖြစ်သည်။

ထို တိုတိုတုတ်တုတ် လိင်တူချစ်ဇာတ်လမ်းကို ဖတ်ပြီးနောက် လီအော့ပါးစပ်ထဲမှ ကြက်ခြေထောက်သည်ပင် စားပွဲပေါ် ပြန်ပြုတ်ကျလာသည်။

သူက တောက်ပနေသော ဖုန်းမျက်နှာပြင်ကို ကြည့်နေရင်း အတွေးတစ်ခုသာ ရှိတော့သည်___သူ ရူးသွားတာလား ဒါမှမဟုတ် လောကကြီးက ရူးသွားတာလား။

လီအော့က ပါးစပ်သုတ်လိုက်ပြီး ခပ်လောလောနှင့် မတ်တတ်ထကာ ကွန်ဒိုမှထွက်ပြီး အနီးအနားရှိ အားကစားရုံတွင် သူ့အစ်ကိုကို သွားရှာသည်။

လီတာ့က ဝိတ်မ,နေချိန်ဖြစ်ပြီး အနက်ရောင် စွပ်ကျယ်အင်္ကျီကလည်း ချွေးပူများဖြင့် စိုစွတ်နှင့်ပြီးသားပင်။ သူသည် ကျားတစ်ကောင်လို သန်စွမ်း ကျန်းမာသည်။

လီအော့ ရောက်လာသည်ကို မြင်သောအခါ လီတာ့က အလေးမတုံးကို တန်းပေါ် ပြန်ထားလိုက်ပြီး တဘတ်ဖြင့် ချွေးသုတ်လိုက်ကာ ပရိုတင်းသောက်ရင်း မေးခွန်းထုတ်လာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now