" ကိုကိုထယ်ယောင်း..ဂုကီးဒီလိုအာဝါးပေးတာ
ကိုကို မသိစေနဲ့နော်၊ ကိုကိုသိရင် ဂုကီးကို မချစ်
တော့ပဲနေမှာဗျ၊ ဂုကီးက ကိုကိုထယ်ယောင်းကို
ချစ်လို့ ပေးတာနော် ကြားလား! "

သူ့ကိုကို သိမယ်ဆိုးတာကြောင့်ထင်ပြီး ကျွန်တော့်
အား အမှာတမ်းချွေနေတဲ့ ကလေးငယ်လေး။

" ကောင်းပါပြီဗျာ၊ အိပ်တော့လေ ကိုကိုဆေးတိုက်
မယ်၊ ဆရာဝန်က ဆေးသောက်ပြီးအိပ်တဲ့၊ ဒါမှ
ဂုကီး ကိုကိုနဲ့တွေ့ရဖို့ ကျန်းမာမှာတဲ့ "

" ဟုတ်..ကိုကိုထယ်ယောင်း "

" မွ..လိမ္မာတယ် "

အပြုအမူလေးတွေက အသည်းယားစရာကောင်း
သည်မို့ ဖြူဖြူဖွေးဖွေးနဖူးထက်ဝယ် အနမ်းချွေ
လိုက်သည်။

ကလေးငယ်က တစ်ခြားသူတွေလို ဆေးကိုအတင်း
တိုက်စရာမလို ကျွန်တော့်နာမည်တစ်ခွန်းရှိနေရင်
ဆေးကို အလိုလိုတိုက်လို့ရသည်။ ဆေးတိုက်ပြီး
နောက် ကျွန်တော်ကပင် ကလေးကို အိပ်ပျော်သည်အထိ ချော့သိပ်လိုက်သည်။
ကျွန်တော့်ရဲ့ သီချင်းသံလေးဟာ ကလေးငယ်လေး
အတွက် အိပ်ဆေးလိုတဲ့လေ။ သီချင်းသံလေး
ကြောင့် အနည်းငယ်မှိတ်စပြုလာတဲ့ ကလေးငယ်ရဲ့
မျက်လုံးလေးတွေဟာ သီချင်းအဆုံးမှာတော့ အိပ်သွားလေသည်။ ထို့နောက် နဖူးထက် အနမ်း
လေးပေးကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။

" အငယ်လေး...အိပ်ပျော်သွားပြီလား "

အောက်ထပ်ရောက်တော့ ဂျီမင်းက ကျွန်တော့်အား
မေးလာသည်။

" အင်း..အိပ်သွားပြီ၊ ငါလည်း အလုပ်ကိစ္စလေး
ရှိသေးတာမို့ သွားလိုက်ဦးမယ်၊ ညနေကျမှ ငါလာ
အိပ်ပေးတော့မယ်၊ ကလေးငယ်ကို ဂရုစိုက်၊
လုပ်ပေးစရာရှိတာ လုပ်ပေးလိုက်နော် "

ကလေးငယ်ကို စိတ်မချတာကြောင့် လိုရမယ်ရ
အမှာတမ်းချွေမိသည်။

" အင်းပါ...သွားစရာရှိတာသွား "

" သားထယ်..သွားတော့မလို့လား၊ နေ့လည်စာ စား
သွားဦးလေ။ "

မီးဖိုခန်းထဲက ထွက်လာတဲ့ အမေက ကျွန်တော့်အား
နေ့လည်စာစားဖို့ ခေါ်လေသည်။

Poison ( Completed )Where stories live. Discover now