ကလေးငယ်ရဲ့ တစ်စွန်းတစ်စွန်းထွက်ကျလာတဲ့
အသံတစ်ချို့ဟာ ကျွန်တော့်ကို နာကျင်ရစမြဲ။
ထိုအရာတွေဟာ ကလေးငယ်ကိုနာကျင်အောင်လုပ်
တဲ့ ကျွန်တော့်အတွက် ဝဋ့်လည်တာပင်ဖြစ်သည်။

" သူလာတွေ့ပါတယ်၊ သူလာတွေ့တဲ့အချိန်က
ဂုကီးလေးက အိပ်နေတာကို။ "

ဂျောင်ဂုရဲ့ ပါးနုနုလေးဖွဖွလေးထိကိုင်ရင်း ပြော
လိုက်တော့ ယုန်သွားလေးတွေပေါ်တဲ့အထိ ရယ်ပြ
လေသည်။

" ဂုကီးရဲ့ အပြုံးလေးတွေကို ကိုယ်မြင်ချင်ခဲ့တာ
ကြာပြီကွာ၊ ဆုတောင်းတွေ ပြည့်ပြီထင်တယ် "

ဂုကီးလေးကိုကြည့်ရင်း ကျွန်တော့်ရဲ့မျက်လုံးထက်
ဝဲတက်လာတဲ့ အရည်လဲ့လဲ့များ။ ထိုအခါမှာတော့
ဂုကီးလေးရဲ့ အပြုအမူကြောင့် ဖွဖွလေးပြုံးကာ
ကလေးငယ်ရဲ့ အပြောလေကြောင့် ရယ်ချင်မိသည်။

" ကိုကိုထယ်ယောင်းကလည်း မငိုနဲ့လေ၊ ကိုကိုဒီလို
ငိုတော့ ဂုကီးရဲ့ ဒီရင်ထဲမှာလည်း ပူလောင်လှပြီ။
အများကြီးကိုပူတာဗျ၊ ဂုကီးကိုအပူမခံချင်ရင်
ကိုကိုက မငိုနဲ့နော်၊ မွ...လိမ္မာတယ် ကိုကိုက "

ကျနေတဲ့ ကျွန်တော်ရဲ့မျက်ရည်တွေအား
လက်နုနုလေးတွေနဲ့ သုတ်ပေးနေတဲ့ ကျွန်တော့်ကလေးငယ်ဟာ ကျွန်တော့်ကိုနမ်းလိုက်
သည်လေ။ ရမ္မက်ဆန်သည့်အနမ်းမဟုတ်ပဲ၊ ငိုနေ
သည့် ကျွန်တော့်အား ကလေးဟုသဘောထားကာ
အငိုတိတ်အောင်ကျွန်တော့်ရဲ့မျက်ရည်စိုနေတဲ့ပါး
အား အနမ်းပေးလိုက်သည့် ကလေးငယ်။
အပြုံးတွေအား မဖုံးမဖိနိုင်အောင် ပြုံးမိသည်။

" အယ်အယ်...ကိုကိုထယ်ယောင်းက ပျော်နေတာ
လား၊ ဒါဆို ဂုကီးကမွမွအများကြီးပေးမယ်နော် "

လက်ဟန်အမူအရာဖြင့် အနမ်းတွေအများကြီး
ပေးမယ်ဆိုသည့် ကလေးငယ်။
ကျွန်တော်လည်း ခေါင်းသာ ငြိမ့်ပြလိုက်သည်။
ထို့နောက် ကလေးငယ်က နမ်းလာသည်။

" မွ...မွ...ကိုကိုထယ်ယောင်း မငိုနဲ့နော်..မွ..မွ..
ဂုကီးက အများကြီးချစ်ပေးမှာ "

ကျွန်တော့်အားမငိုဖို့ချော့နေတဲ့ ကလေးငယ်ဟာ
ကျွန်တော့်ပါးထက်ဝယ်တမွမွလုပ်ရင်း စကားတက်
လေးတွေဆိုလေသည်။

Poison ( Completed )Where stories live. Discover now