Part-19

3.5K 336 0
                                    

လူတစ်ယောက်ကို7နှစ် 7မိုးကြိုက်လာတယ်ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။အချိန်ကာလတစ်ခုဆီတိုင်းမှာ ကိုယ့်Crushဆီက ရှောင်ဖယ်မှုတွေ အရေးမပေးမှုတွေ လျစ်လျူရှူမှုတွေကို အကြိမ်များစွာခံစားခဲ့ရပြီ တစ်ချိန်ချိန်ပြန်ချစ်လာလိမ့်မည်ဆိုသောစိတ်ဖြင့် ဖြေသိမ့်ကာချစ်မြဲချစ်ဆဲ ကြိုက်မြဲကြိုက်ဆဲ။

တစ်ခါတစ်ရံ ဒီလူသားလေးကိုပိုင်ဆိုင်ချင်လိုက်တာဆိုသည့်စိတ်နှင့် ရူးခဲ့ရသည့်နေ့တွေဟာ မရေမတွက်နိုင်အောင်များပြား၏။ထိုလူသားလေး အပြုအမူ အပြောဆိုလေးတွေကို တိတ်တဆိတ်ကြည့်ရင်း တစ်ချိန်ချိန် ဒီလူသားကိုငါမဟုတ်ပဲ အခြားတစ်ယောက်ပိုင်ဆိုင်သွားရင်ရောဆိုသည့်စိတ်ကလဲ မကြာခဏ လူကိုသတ်၏။

Crushက ကိုယ့်ကိုပြန်ကြိုက်တယ်ဆိုတာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲမှာပဲကြည့်ဖူးဝောာ့ အပြင်လက်တွေ့ဘဝမှာ အများကြီးမမျှော်လင့်ရဲ။ပိုဆိုးတာက ကိုယ့်ကြိုက်နေတဲ့သူက ကိုယ်နဲ့လိင်တူလူသားတစ်ယောက် Straightတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ။

အများကြီးသဘောကျခဲ့တာမို့ ကိုယ့်ရဲ့တစ်ဝက်လောက်လေးပြန်သဘောကျပေးရင်ကျေနပ်ပါပြီ။

လိင်တူကိုကြိုက်တာမဟုတ်ပဲ ချစ်မိသွားတဲ့သူက လိင်တူဖြစ်သွားယုံနဲ့ အပစ်ဖြစ်သွားလား??!

Hyungပင်ပန်းနေပြီ Jungkook။
အရာအားလုံးကို လွှတ်ချချင်နေပြီ။မင်းကိုရော မင်းအပေါ်ထားတဲ့အချစ်တွေ‌ကိုရော…။

~~Park Jimin~~

------------------

'ကိုကိုJimin!! အဖွားကထမင်းစားကြရအောင်တဲ့'

'အင်း ဟုတ်ပြီ hyungလာခဲ့မယ်'

အွန်းလေးလာခေါ်မှပဲ တွေးလက်စအတွေးများကို ရုတ်သိမ်းကာဂေဟာလေးထဲသို့ဝင်လာခဲ့လိုက်သည်။

အဲနေ့ညက Jungkookနဲ့ဟွာရန်းပြောနေသောစကားများကိုကြားအပြီး မငိုဘူးလို့တင်းခံထားပေမဲ့ အလိုလိုကျလာသောမျက်ရည်များဟာ ဒေါသထွက်ချင်စရာ။Seoul ကိုချက်ချင်းကောက်ပြန်လိုက်ချင်ပေမဲ့ အဝတ်တွေသိမ်းနေတဲ့အချိန် Jungkook ရောက်လာပြီး စကားများကြရအုံးမည်ဆိုးတာကြောင့် မနက်စောစောသာထပြန်လာခဲ့တော့သည်။

Hyung is Mine (Completed)Where stories live. Discover now