(၂)လက်တွေ့ကျကျ အတိတ်

7 0 0
                                    

အပိုင်း (၂)
--------

လက်တွေ့ကျကျ အတိတ်
----------------

"မောင်"

မတွေ့တာ အတော်ကြာနေပြီဖြစ်တဲ့ မောင့်ကို
ခုလေးတင် လွမ်းမျက်ရည်ကျနေရတာကို
အခုလို အရှင်လတ်လတ်တွေ့လိုက်ရတာတော့
အံ့ဩမိတာ အမှန်ပင်

တကယ်တမ်းတွေ့မဲ့တွေ့ရတော့လည်း
သူစိမ်းတွေလိုပါပဲလားကွယ်
ပြုံးပြနှုတ်ဆက်ဖို့တောင်
ခွန်အားတွေဟာ မရှိခဲ့
အကြည့်တွေ မဆုံမိအောင်သာ
သတိထားနေရပါတော့တယ်

အတိတ်ကိုပြန်သွားရရင်.....
မှတ်မှတ်ရရ မေလ၂၃ရက်
အဲ့နေ့က စတာ ဇာတ်လမ်းက
ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေ စခဲ့တာ အဲ့နေ့ပေါ့

အဖြူထည် နှလုံးသားလေးကို
အချစ် အလွမ်း အမုန်း နားလည်မှု သစ္စာရှိမှု စတဲ့
ရောင်စုံတွေနဲ့ ရေးခြယ်ခဲ့တာ အဲ့နေ့ပေါ့

ကျွန်မတို့ ချစ်ခြင်းတွေဟာ သူများနဲ့မတူသိပ်ဆန်းကြယ်တယ်
အဲ့နေ့နောက်ပိုင်း ကျွန်မတို့ စကားမပြောဖြစ်တော့ဘူး
မတွေ့ဖြစ်တော့ဘူး
တွေ့ရင်လည်း ခင်ဗျားဟာ ကျွန်မကို အဖက်မလုပ်ဘူးမို့
နာကျည်းမိပါတယ်

မိန်းကလေးဘက်ကမို့ တစ်ဖက်စောင်းနင်းအတွေးများဖြင့်
တစ်ယောက်တည်း နာကျည်းနေခြင်းဖြစ်သည်

ထိုစဉ် ရုတ်တရက် အကြည့်ချင်း ဆုံမိသွားသည်
သို့သော် ချက်ချင်းလွဲလိုက်သည်

ကောင်လေးသည် မျက်နှာငယ်လေးဖြင့်သာ ကျန်နေခဲ့သည်

KM."ဟဲ့ လရောင်..."

သူ့သူငယ်ချင်း ကောင်းမြတ်ဖြစ်သည်

KM."ဟာ မင်းကွာ ဘယ်ကစော်မို့အဲလောက်ကြည့်နေရတာတုံး"

TT."အေးလေ"

(သူ့နောက်ထပ်သူငယ်ချင်း သုတ မှ ၀င်ထောက်ခြင်းဖြစ်သည်)

TT."မင်းစော် ငမ်းတာကလဲ မျက်နှာငယ်ကြီးနဲ့
တော်ကြာ စိတ်ပျက်ပြီး ထ ပြန်သွားပါမယ်ကွာ"

KM."ဟုတ်ပ မင်းမျက်နှာက ကျက်သရေရှိနေတာဆိုတော့"

ငယ်သူငယ်ချင်းတွေမို့ စနောက်သည်ကို သည်းခံသည်
သို့သော် စိတ်ထဲတွင်

သူငါ့ကို တကယ်မုန်းနေတာလား
ဘာလို့မုန်းသွားရတာလဲ
ငါ ဘာအမှားလုပ်မိလို့လဲ
ငါ ကသာသူ့ကို ချစ်နေတာ သူကတော့ ငါ့ကို ထားသွားပြီး
တကယ် မုန်းသွားပြီလားနော်

ရုပ်ကြမ်းကြီးပေမဲ့ အသဲကတော့နုသည်

ရုပ်ဆိုးပေမဲ့ စိတ်ကတော့လှသည့် လရောင်တစ်ယောက်

အတွေးတွေထဲ မြောနေတော့သည်

ထိုစဉ် တစ်ဖက်ဝိုင်းတွင်

ML."ရှင်ယွန်း နင့်အသိလား
မျက်လုံး ကျွတ်ကျမတက် ကြည့်နေတာ"

XY."မဟုတ်ပါဘူးဟယ် ငါ သိတဲ့သူနဲ့တူနေလို့ပါ "

ရှင်ယွန်းတစ်ယောက် ဒီနေ့ တော်တော်အမူအရာပျက်နေသည်

သို့သော် လရောင်အတွေးတွင်

အနီရောင်ရဲရဲ   ကုတ် အင်္ကျီနှင့် ဘောင်းဘီရှည်
Lady Shoeအမြင့် နှုတ်ခမ်းနီရဲရဲနှင့် ရှင်ယွန်းမှာ
သူသိသော မိန်းကလေးနှင့်မတူ ခြားနားနေသည်
အနီရောင် ၀မ်းဆက်ပေမဲ့ ဂုဏ်သရေရှိစွာ ရင့်ကျက်သည့်ပုံစံရှိနေလေသည်
သူမြင်ဖူးသော မိန်းကလေးမှာ ဂါဝန်ကားကား ဆံပင်ဖားလျားလေးနှင့် အပြစ်ကင်းတဲ့ ကလေးလို အပြုံးလေးတွေ နှင့်သာဖြစ်သည်
ခုတော့ ကွာခြားပုံက စူးရှနေတဲ့ မျက်လုံးတွေကြောင့်
မျက်စိတောင်ကြိမ်းသယောင်ပင်

ပြောရင်း Jentle Monster မျက်မှန်တစ်လတ်ကို တပ်လိုက်သည်
အောက်ထပ်ဆင်းဖို့ ဘေးကဖြတ်သွားပုံမှာ
ကျော့ရှင်းလှသည်
ခြေတစ်လှမ်းလှမ်းတိုင်း
ဒေါက်ဖိနပ်သံ တစ်ချက်ထွက်သည်
ဒေါက် ဒေါက် ဆိုသည့် ဖိနပ်သံက
လရောင်ရင်ထဲရောက်သောအခါ
ဒုတ် ဒုတ် နှင့် နှလုံးခုန်သံအဖြစ်သို့ပြောင်းလဲသွားရတော့သည်

ဒီလိုနဲ့ သူတို့နှလုံးသားလေးများဟာ
အနေဝေးပြီး အထင်လွဲမှုတွေနှင့်ပြည့်နေသည်မှသည်
တဖြည်းဖြည်းနီးကပ် လာပါတော့တယ်

စိတ်ထဲတွင် ရေရွတ်မိလိုက်သည်မှာ

LY."ဘာလို့အဲလောက်တောင် လှလာရတာလဲကွာ....."

အပိုင်း(၃)ဆက်ရန်.......

"မ  မြတ်နိုးရပါသော လရောင်ငယ်"Where stories live. Discover now