"ဒီမှာထိုင်နေ မလှုပ်နဲ့!"

ထိုစကားများကိုပြောထားခဲ့ကာ ယွီချင့်ဟွမ်သည် အိပ်ခန်းထဲသို့အမြန်ပြေးဝင်သွားပြီး လေးထောင့်ဆေးသေတ္တာဘူးတစ်ဘူးနှင့်အတူ ပြန်ရောက်လာသည်။

ဆေးသေတ္တာထဲအချိန်အတန်ကြာမွှေနောက်ရှာဖွေပြီးတဲ့နောက် နောက်ဆုံးတွင် အရက်ပျံတစ်ပုလင်းထုတ်ယူလာပြီး တစ်ဝက်ကိုဆေးဖြန်းတစ်ဝက်ကိုလောင်းကာ ဂွမ်းစကိုအရက်ပျံထဲနှစ်ထားလိုက်၏။ ထို့နောက်တွင် ဟော်ချွီထံသို့သွားပြီး အေးစက်စက်မျက်နှာထားဖြင့်

"ခေါင်းမော့!"

ဟော်ချွီသည် နာခံမှုအပြည့်ဖြင့်ခေါင်းမော့လာကာ သူ့မျက်လုံးများဟာ ယွီချင့်ဟွမ်၏မျက်နှာလေးဆီစူးစူးနစ်နစ်စိုက်ကြည့်နေသည်။ထိုမျက်လုံးများထဲတွင်တော့ အားရပျော်ရွှင်မှုတို့အပြည့်အသိပ်ဖြင့်ပင်။ဒဏ်ရာအပေါ်အရက်ပျံဆွတ်ခြင်းရဲ့နာကျင်မှုတွေကိုတောင်မှ မေ့လျော့နေခဲ့၏။

"ဘယ်လိုဒဏ်ရာရလာတာလဲ?"

ယွီချင့်ဟွမ်၏အသံသည်ခက်ထန်နေသော်လည်း သူ့လှုပ်ရှားမှုများကတော့အလွန်သိမ်မွေ့နူးညံ့နေသည်။ ဟော်ချွီမှာ အလွန်နုနုရွရွ ကြွေရုပ်ကလေးတခုအလား။

"စက်ဘီးနဲ့တိုက်မိတာ"  ဟော်ချွီကပေါ့ပေါ့တန်တန်ပြန်ဖြေလာ၏။

ထိုသို့ပြောရင်း သူဟာလက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ချင့်ဟွမ်အခုနလေးတင်ဆေးလိမ်းပေးထားသည့်ဒဏ်ရာကို ထိတွေ့ရန်လုပ်လိုက်ရာ ချင့်ဟွမ်ဆီမှဖျတ်ခနဲရိုက်ချခြင်းခံလိုက်ရသည်။

"ဘယ်လိုတောင်အတင့်ရဲရတာလဲ!"

သူ့မျက်လုံးများထဲတွင် ဒေါသမီးလျှံတွေတမြေ့မြေ့ကျွမ်းလောင်လျက်ရှိကာ လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိရင်း ငေါက်ငမ်းလိုက်၏။

“ဒါသိပ်အန္တရာယ်များတယ်? မင်းသိလား? မင်းမှာသက်တော်စောင့်တွေ မရှိဘူးလား? သူတို့ဘယ်တွေရောက်ကုန်တာလဲ?သူတို့ကမင်းကိုမကာကွယ်ပေးဘူးလား? ဒီနေ့ စက်ဘီးသာဆို နောက်တနေ့ဆိုရင် ဖြစ်ကောင်းဖြစ်သွားနိုင်တာက… ”

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now