" မဝင်ဖူးလို့! ...ဒယ်ဒီရေ...ဝင်ဖူး !ဝင်ဖူးနော်
အီးဟီး ဟင့်ဟင့် "

" မဆိုးရဘူးနော် ထယ်ထယ်...ဒယ်ဒီမကြိုက်ဘူး
မနက်ကျအတူသွားမယ်လို့ပြောတယ်မလား "

တံခါးဖွင့်နေသည်ကိုအတင်းပြန်ဆွဲပိတ်ရင်း
အခုထိဂျီကျနေသော ဖရဲသီးလေးကြောင့်သူ
စိတ်မရှည်တော့ပေ။ ဒီကလေးလေးကအလိုလိုက်
တော့ဆိုးချင်လာပြီ။ သူ့မှာတံးခါးကိုကုန်းပြီး
ဆွဲထားသောဖရဲသီးလေးကိုထိန်းထားရပြီး
တံခါးကိုလည်းပြန်တွန်းဖွင့်နေရသေးနဲ့
သားဖနှစ်ယောက်ကရုန်းရင်ဆန်ခတ်ဖြစ်နေလို့
ထယ်ဂျွန်ကခေါင်းတစ်ဖျင်းဖျင်းကုတ်နေရပြီ။

" ဟင့်အင်းလို့! အခုကတိပေးထားတာလေ
အခုဘဲ! အခုဘဲသွားမှာ အထဲကိုလုံးဝမဝင်ဘူး! "

" ကင်မ်ထယ်ထယ်! ဒယ်ဒီမဆူချင်ဘူးနော်
ငြိမ်ငြိမ်နေ "

သူအော်လိုက်မှ ငြိမ်ကျသွားပြီးလည်ပင်းကိုလက်
သေးသေးတွေနဲ့ဖက်ထားကာတစ်ရှုံ့ရှုံ့နဲ့လုပ်ရင်း
လိုက်ပါလာသည်။

" ဘာတွေဖြစ်နေတာလဲကင်မ်... "

" ဟင့် ! ဖေ...သမီးကိုလာခေါ် "

အခန်းထဲရောက်တော့‌နိုးနေတဲ့ငယ့်အသံ
ကြားတာနဲ့ခေါင်းထောင်လို့ချက်ချင်းသူ့ပေါ်
မနေချင်တော့ဘဲ ငယ့်ကိုလာခေါ်ခိုင်းနေသည်။

" ဘာဖြစ်လို့ငိုတာလဲသမီးက ကိုကိုနဲ့
ရန်ဖြစ်လာတာလား "

" ဟုတ်ပါဘူး‌ ဖေကလည်း သားနဲ့ဘာမှမဖြစ်ဖူး "

ထိုသို့ပြာတော့သူ့အနားထိုင်နေတဲ့
ထယ်ဂျွန်ကလေးကပြာပြာသလဲငြင်းပြန်ရော

" ဒယ်ဒီကအော်တယ်....သမီးကညဈေးသွာချင်တယ်
ပြောတဲ့ဟာကို ဟင့် "

ရင်ခွင်ထဲတိုးကာငိုပြန်တယ်ဖရဲသီးလေးကျောကို
ပုတ်ပေးရင်သူချော့နေလိုက်သည်။ကင်မ်ကလည်း
ဘယ်လိုတွေဖြစ်လို့ကလေးကိုအော်ရတာတုန်း

" အေးပါ...ဖေ ပြီးရင်ဒယ်ဒီကိုပြန်ဆူလိုက်မယ်
ဟုတ်ပြီလား...မငိုနဲ့တိတ် တိတ် "

" ဖရဲသီလေးကအရမ်းဂျီကျနေလို့ ဒယ်ဒီက
ပိစိလေးအော်လိုက်တာပါ ဖေရဲ့ဒယ်ဒီကိုဆူပါနဲ့ "

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now