ဝမ်းဗိုက်တွင်လည်း ပေါင်မုန့် ၆ချပ်က အထင်းသားရှိနေသေးသည်။ သူစားနေသော ပေါင်မုန့်ဖြူဖြူတွေနဲ့လားလားမျှ မသက်ဆိုင်နေသော ခွန်း၏ အညိုရောင် ပေါင်မုန့်တို့မှာ ပြေးကိုက်ချင်စရာ ကောင်းလှသည်။ ချောကလက်ပေါင်မုန့်ဖြစ်ကောင်းဖြစ်လိမ့်မည်။

တံတွေးတစ်ချက်မြိုချကာ တိမ်တိုက်မျက်လုံးတို့မှာ ယောကျာ်း ဆန်ဆန် ကြည့်ကောင်းနေသော ခွန်း၏ အပေါ်ပိုင်းမှ နည်းနည်းလေးမှ မရွေ့ ။ ခွန်း သူ့ကိုကြည့်ကာ ရီနေသည်ကိုတောင်သတိမထားမိသည်အထိ ရှယ်ငမ်းနေသည်။

နောက်တော့ ခွန်းက အနက်ရောင်ဒေါင်လိုက်အစင်းသေးသေးလေးတွင် များစွာပါပြီး ကော်လံနှင့် လက်အစည်းတို့မှာ စွတ်စွတ်ဖြူနေသော ရှပ်လက်ရှည်တစ်ထည်ဖြင့် သူ၏ အပေါ်ပိုင်းကို တိမ်တိုက်မျက်လုံးတွေဆီမှ ဖုံးကွယ်လိုက်တော့သည်။ ဒါကိုနှမြောတသစွာဖြင့် တိမ်တိုက်မှာ မျက်လုံးပြန်လွှဲလိုက်ပြီး လက်ထဲက အဖြူရောင်ပေါင်မုန့်ကိုသာ တစ်ကိုက်ပြီးတစ်ကိုက်စားနေတော့သည်။ အမှန်တော့သူစားချင်တာ ချောကလက်ရောင်ပေါင်မုန့်ဖြစ်နေ သည်။

စားနေရင်း ခွန်းဘက်ပြန်လှည့်ကြည့်တော့ ကြောင်ခြစ်ရာလေးတွေပါသော အနက်ရောင် အကွက် ပုဆိုးကိုတောင် ဝတ်ပြီးနေပြီဖြစ်သည်။ တော်တော်မြန်တဲ့ ခွန်းပါလေ။

နောက် တော့ရနေကျ ရေမွှေးနံ့က တိမ်တိုက်နှာခေါင်းကိုလာကျီစယ်နေသည်။ တိမ်တိုက်၏ ကလေး အနံ့နှင့် ကွဲပြားစွာ ဆွဲဆောင်မှုရှိလှသော ထိုအနံ့ဖြင့် ခွန်းမှာ မနာလိုစရာကောင်းလှသည်။

စားသောက်ပြီး အိမ်ကို ခွန်းနဲ့အတူ ပြန်လာလိုက်သည်။ အိမ်ရောက်တော့ ဒေါ်ယုယမြိုင် ကဆိုင်မသွားသေးပဲ တိမ်တိုက်ကိုစောင့်နေသည်။ ညနေက ခွန်းဆီမှ ဖုန်းရကာ မိုးအရမ်းရွာနေ၍ ခွန်းဆီမှာပဲ တိမ်တိုက်ကိုခေါ်ထားလိုက်တော့မည်ဟု တရိုတသေ ပြောလာသည်။ စိတ်မချစရာမရှိလောက်အောင် ခွန်းကို ဒေါ်ယုယမြိုင် ယုံကြည်နေခြင်းကြောင့် ကြည်ကြည်ဖြူဖြူလက်ခံလိုက်သည်။

'' အန်တီ နေကောင်း လား ''

အိမ်ထဲရောက်တော့ခွန်းက လေးစားသမှုဖြင့်စတင် နှုတ်ဆက်ဂါဝရ ပြုသည်။ သို့သော် တိမ်တိုက်ကြိုးကတော့ အိမ်ထဲရောက်ရောက်ချင်း သူ့အခန်းထဲပြေးဝင်ကာ လွယ်အိတ်ကိုဝင်ယူသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now